Ko chogyiNovember 12, 20131min33335
လိုဂိုနဲ့ နာမည်ပြောင်းတာကို တွေ့တော့ အကြောင်းကြောင်းတွေကြောင့် ပြောင်းတာနေမှာပေါ့လေဆိုပြီး၊ ခပ်ပေါ့ပေါ့ပဲတွေးပြီးနေလိုက်မိတယ်။ ကျွန်တော်က အဟောင်းတွေကို ဖက်တွယ်ပြီး၊ ရာဇဝင်ထဲမှာနေကျန်ရစ်သူတော့မဟုတ်ပါဘူး။  ဒါပေမယ့် ငယ်ကအချစ်အနှစ်တရာမမေ့သာ ဆိုတာမျိုးလို၊ အချိန်ကာလတစ်နှစ်   ကျော် လောက်သာရင်းနှီးကျွမ်းဝင်ခဲ့ရပေမဲ့၊ မန်းဂဇက်ကိုတော့ နှစ်ပေါင်းများစွာ ရင်းနှီးခဲ့သလို လွမ်းမိပါတယ်။ မန်းဂဇက်ရွာသူားများဆိုပြီး၊ FB မှာ Group တွေ     ဖွဲ့ကြတာ ရွာထဲက လူငယ်လေးတွေရဲ့ ဒါဇင်ပလပ်ဆိုတဲ့အဖွဲ့လေးထဲကို လူကြီးတန်မယ့်လိုက်ရှုပ်ခဲ့တာ၊ စာပေချစ်သူများဆိုပြီး တွေ့ဆုံပွဲတွေလုပ်ကြတာ၊ ဆုတွေ   ပေးကြ မိတ်ဆက်စကားတွေပြောကြနဲ့ လုပ်ခဲ့တဲ့ ဒီရွာကြီးမဟုတ်ပါလား။ ငိုချင်ရက်လက်တို့ ဆိုသလိုဖြစ်နေတဲ့အချိန် အံဇာတုံးဆိုတဲ့ စံပြလူငယ်လေးက(ခရက်ဒ်တူ ဆူး) မန်းဂဇက်မှသည် မြန်းဂဇက်သို့အပြောင်းအလဲဆိုပြီး ပို့စ်တင်လာတော့ ဝိုင်းပြီး comments တွေရေးကြတာပေါ့။ အဲဒီအခါ သဂျီးမင်းက ရွာကို မြို့အဖြစ်အဆင့်မြှင့်လိုက်တဲ့သဘောလို ပြောလာတော့ […]