koyin sithuOctober 26, 20111min1055
သတ်မှတ်ချက် တစ်ခုပေါ်မှာ ဒွိဟဖြစ်နေတာမျိုးကို သင်တို့ သဘောတူမည်ဆိုပါက ကျွန်တော် မကန့်ကွက်လိုပါ။ ကျွန်တော်က ဘဝဆိုတာကို အမြင့်ခုန်ပြိုင်ပွဲတစ်ခုမှ စံချိန်တစ်ခုလို တိုင်းတာပြောဆိုပြချင်ပေမယ့် မည်သူကမှ လိုလိုလားလား လက်မခံကြ။ ဒီလိုနဲ့ ဝိရောဓိ ညနေခွက်တွေလည်း တစ်ခွက်ပြီး တစ်ခွက် မှောက်ကုန်ကြရတာ။ ဘာမှ မယုံတော့လို့ ဘာမှ မလုပ်ဖြစ်တာလို့ ပြောလိုက်တော့ ဝိုင်းစက်ပြူးကျယ်နေတဲ့ မျက်နှာပေးလေးများကို ကျွန်တော် အလွတ်ကျက်နေမိသည်။ ဈေးဝယ်ထွက်သွားကြတဲ့ အိပ်မက်တို့၏ ပျော်ရွှင်မှုသည် တကယ့်ကို စစ်မှန်သော ပျော်ရွှင်မှုမှ ဟုတ်ရဲ့လား။ စဉ်းစားကြစေလိုသည်။ ဘဝမှာ ရိုက်ချက်ပျော့ပျောင်းမှုများကြောင့် ကျွန်တော် ညံ့ဖျင်းခဲ့ပါကြောင်း အမြဲလိုလို ဝန်ခံခဲ့ဖူးပါသည်။ ဒါဟာ ရိုးသားမှုလား… ဒါမှမဟုတ် ညံ့ဖျင်းမှုကို သိပ်မပေါ်လွင်စေတဲ့ ကာကွယ်မှုတစ်ခုလား…   တိုက်ပုံကောင်းကောင်းတစ်ထည်ဖြင့် ထမင်းဝနေကြသော အနုပညာရှင် ဆိုသူများ […]