နွေဦးNovember 15, 20122min1277
ရာဇဝင် စာတင်ပြောကြကြေးဆို ကျုပ်တို့သမိုင်းမှာ သူရဲကောင်းများစွာ ရှိခဲ့ပါတယ် ။ သတ္တိဂုဏ်ရောင် ထွန်းပြောင်သူထဲမတော့ နောင်ရိုးတိုက်ပွဲလို နောက်ပြန်မလှဲ့ကြေး ဖေါင်ဖျက်လို့ အနိုင်တိုက်ခဲ့တဲ့ ဘုရင့်နောင်ရဲ့သတ္တိကိုတော့ မြန်မာတွေ အသိပါဘဲ ။ သူ့ခေတ်သူ့အခါ သူသည်လည်း ဘုရင့်နောင်ပါ ဒီခေတ်မှာတော့ ငါသည်လည်း ဘုရင့်နောင်ပါဘဲ..။ စေတနာ စေတနာ အခါခါပြောပြီး ရသမျှအကုန်နှိုက်တတ်ကြတဲ့ လူရမ်းကားတသိုက်ကြောင့် မြစ်တစင်းပေါ်မှာ အလျှားလိုက်ကျောခင်းလို့ ယိုင်နဲ့နဲ့ တံတားတစင်း ငါဖြစ်ခဲ့တာပေါ့ ။ ငါမမွေးဖွားခင်ကတည်းက ငါ့ရဲ့အသွေးအသားတွေကို စုတ်ယူခဲ့ကြသလို ခုချိန်ထိလည်း ဖဲ့ယူစားသောက်နေကြဆဲပါ။ တကယ်လို့ သူတို့သာဖဲ့မစားခဲ့ရင် ရာဇဝင်မှာ ထွန်းပြောင်ခဲ့တဲ့ ဘုရင့်နောင်လို ငါလည်း နှစ်တရာလောက် ကြံ့ကြံ့ခံနိုင်ပါရဲ့ ။ ခုတော့ငါ့ဘဝ ဟိုလူရွှင်တော်တွေပြက်လုံးထုတ်သလို “ဖွင့်ပွဲကြီးက မြိုင်မြိုင်ဆိုင်ဆိုင်.. တံတားကြီးကို လှည့်ကြည့်လိုက်တော့ ယိုင်တိုင် ယိုင်တိုင်…” […]