ကျနော် ခပ်ငယ်ငယ်က ဗေဒင်၊ လက္ခဏာ နဲ့ ရှေ့ဖြစ်ဟော တွေကို တော်တော်ကိုစိတ်ဝင်စားခဲ့ဖူးပါတယ်။ တော်တော်လဲလေ့လာခဲ့တယ်..။ လူတွေ ဗေဒင်မေးကြတယ်..။ မှန်တယ်လို့လဲဆိုကြတယ်။ ဒါကလည်း ဗေဒင်ဆိုတာ အခုမှမဟုတ်သလို ဟိုး ဘုရားရှင်လက်ထက်တော် ကတည်းက ရှိခဲ့တဲ့ ပညာရပ်တစ်ခုပါ။ ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး။ ဘာသာတိုင်းမှာ ရှေ့ဖြစ်ဟောတွေရှိပါတယ်။ တစ်ချို့ဗေဒင်တွေဟာ ပရလောကနဲ့လဲ ဆက်စပ်နေတာတွေရှိပါတယ်။ ဒါကလဲ နတ်အနိမ့်စားတွေရဲ့ ကူညီမှုလဲ ဖြစ်နိုင်ပါတယ်။ ခုခေတ်မှာ သိပ္ပံနည်းကျစွာနဲ့ လုပ်ဆောင်နေတာတွေလဲ ရှိကြပါတယ်။ ရှေ့ရေးကို ကြိုမြင်နိုင်တယ်ဆိုတာ ဖြစ်နိုင်သလို လက်ဖဝါးကိုကြည့်တာနဲ့ အားလုံးသိတယ်ဆိုတာလဲဖြစ်နိုင်ပါတယ်။ (ဥပမာ ကမ္ဘာကျော် လက္ခဏာဆရာကြီး ကိုင်ရို)။ ဒါကတော့ နှစ်ထောင်သောင်းမကလေ့လာခဲ့တဲ့ သိပ္ပံနည်းကျသင်ယူထားတဲ့ပညာတွေဖြစ်ပါတယ်..။ ဗေဒင်နဲ့ပတ်သတ်ပြီးတော့ ရှင်းရမှာတော့ တော်တော်ရှည်ပါတယ်။ သိပ္ပံနည်းကျပါတယ်ဆိုတာတွေလည်း ရှိနေလို့ဖြစ်ပါတယ်။ စိတ်တန်ခိုးပြင်းထန်၍ ရှေ့ဖြစ်တွေကိုကြိုမြင်သည်ထားဦး၊ ဗေဒင်တွေ မှန်သည်လို့ထားဦး […]