manawphyulayMay 22, 20111min22827
21 ရက်နေ့ စနေနေ့မှာ မြန်မာနက်ဝက် အသင်းဝင်များ တွေ့ဆုံပွဲကို ဝင်ခွင့်နံပါတ်ရထားတဲ့အတွက် သွားရောက်ခဲ့ပါတယ်။ မြန်မာနက်ဝက်အသင်းဝင်များ တွေ့ဆုံပွဲမှာ အသင်းဝင်အချင်းချင်း ရင်းနှီးချစ်ခင်စေခြင်းအပြင် နည်းပညာများ၊ ဗဟုသုတများကိုလည်း အလွန်တရာမှ တိုးပွားစေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသင်းဝင်များအတွက် ဟောပြောပွဲ ပညာရေးဖလှယ်ပွဲများ ပြုလုပ်ပေးခဲ့လို့ပဲဖြစ်ပါတယ်။ ၁၂ နာရီအတိလို့ ပြောထားပေမယ့် ကျွန်မ Stand Hotel ရောက်သွားတော့ ၁၂ နာရီထိုးဖို့ ၁ဝ မိနစ်လိုပါသေးတယ်။ ဒါနဲ့ ကြိုဆိုရေးနေရာရောက်တော့ ရောက်ကြောင်း စာရင်းပေးတော့ ၁၂ နာရီမှာ လုပ်ပေးပါမယ်ဆိုလို့ ခဏစောင့်ရပါတယ်။ နောက် ၁၂ နာရီထိုးတော့ နံပါတ်နဲ့ နာမည် ကတ်ထုတ်ပေးထားတာဖြစ်တဲ့အတွက် ပြလိုက်တော့ စာရင်းသွင်းပါတယ်။ နောက် ဗြိတိကောင်စီသံရုံးက စာရွက်လေးတစ်ရွက်ပေးပါတယ်။ ကိုယ့်ရဲ့ဓာတ်ပုံကို ယူသွင်းခွင့်ပြုမပြု ဖြည့်ပေးပါတဲ့ဆိုတော့ ဖြည့်ပေးလိုက်ရပါတယ်။ […]