manawphyulayJuly 3, 20111min22350
လေးပေါက် ရန်ကုန်ရောက်နေတယ်လို့ နေပြည်တော်က ပြန်ပြန်လာချင်း လေးဖက်က ပြောလို့ ၃ ရက်နေ့ကို တွေ့ကြမလားဆိုပြီး ဒီနေ့မနက် ၁ဝ နာရီ မြေနီကုန်း စီးတီမတ်အောက်က ကော်ဖီဆိုင်ကို ချိန်းလိုက်ပါတယ်။ ဒါနဲ့ နောက်ကျနေမှာစိုးလို့ ကားကို နှစ်ဆင့်စီးပြီး စီးတီးမတ်အောက်ကို ဝင်လာတော့ ထိုင်နေတဲ့သူတွေထဲက လေးဖက်ကို လိုက်ရှာတာ မတွေ့ဘူးဖြစ်နေတယ်။ နောက်မှ လေးဖက်က ကင်မရာကြီးကိုင်ပြီး ရောက်လာတယ်။ နေမကောင်းနေတာ မနည်းထလာရတယ်လို့ ပြောပြီး လေးဖက်ဝယ်ကျွေးတဲ့ မုန့်နဲ့ ကော်ဖီကို ဝါးတီးဆွဲရတာပေါ့။ ခဏနေတော့ လေးဖက်က နေဦး ကိုပေါက်ကို ဖုန်းဆက်လိုက်ဦးမယ်ဆိုပြီး ခဏထွက်သွားတယ်။ တော်ကြာနေတော့ ပြန်လာတယ်။ မြေနီကုန်းရောက်နေပြီပြောတယ်ဟ။ မုန့်စားရင်းစောင့်နေလိုက်တာ ၁ဝ နာရီခွဲခါနီးတော့ လေးပေါက်တစ်ယောက်ရောက်ချလာပါတော့တယ်။ မြေနီကုန်း ဂမုန်းပွင့်ဝင်နေလို့တဲ့ မဟေသီတော့ မပါဘူးတဲ့။ ဒါနဲ့ […]