သိုင်းသိုင်းဝိုင်းဝိုင်းလေးရေးချင်ပေမယ့် ရှုပ်ထွေးသွားမှာစိုးလို့ လိုရင်းလောက်ပဲ အတိုချုပ်ပြီး ကြေငြာပါရစေ…။ ပြောဖို့ ဖြေဖို့ ဖြည့်ဖို့  လိုအပ်တာတွေကိုတော့ ကွန်မင့်လေးတွေနဲ့ပဲ ပြောပါရစေ….။ ဥက္ကဌ မပဒုမ္မာကိုယ်စား အသိပေးကြေငြာခြင်းဖြစ်ပါကြောင်း….။     နှစ်သစ်ရဲ့ မှတ်တိုင်သစ် ၂၀၁၃ နှစ်သစ်ရဲ့အစမှာပဲ မန်းဂဇက်ရွာကြီးရဲ့မှတ်တိုင်သစ်တခု စိုက်ထူပါတော့မည်…..။ မန္တလေးဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ  မကြာမီ ကျင်းပပါတော့မည်…။ ရွာထဲမှာ အနေကြာသည်နှင့်အမျှ ရွာသူားတွေ စာချင်း ခင်မင်ရင်းနှီးမှု့ရင့်သန်လာသည့်နောက် လူချင်းလဲ  ပျော်ပျော်ပါးပါး  တွေ့ဆုံကြ   မိတ်ဖွဲ့ကြ  ဆက်ဆံရေးသစ်တွေထူထောင်ကြရအောင်နော်……….     ဘယ်သူတွေ တွေ့ဆုံကြမှာလဲ အားလုံး… အားလုံး…. တက်ရောက်နိုင်သမျှ  မန်းဂဇက်ရွာကြီးရဲ့ အဖွဲ့ဝင်(Member) အားလုံး…     […]


etoneJune 14, 20111min23621
ဒီညတော့ စောစာအိပ်မယ် စိတ်ကူးထားတယ်…… မနက်ဖြန် တနင်္ဂနွေနေ့လေ  ၊ ပိတ်ရက်ပေမဲ့ မနားရပါဘူး အလုပ်ကလည်းရှိလို overtime သွားပေးရမှာ … ။ မအိပ်ခင် စာဖတ်တတ်တဲ့ အကျင့်ရှိတာမို့ ဂျာနယ်တစောင်ကို … အိပ်ယာထဲမှာလှဲလျောင်းဖတ်ရင်း……. %%%%%%%%%%%%% ” အာ ဒုက္ခပါပဲ…. ငါညက စာဖတ်ရင်း အိပ်ပျော်သွားတာပါလား …. ဒီနေ့ ရွာသူ၊ရွာသားတွေနဲ့ ချိန်းထားတာပဲ … ။ဂေဇက်က ဘော်ဒါတွေနဲ့ ချိန်းထားတာပဲ … ။ မေ့နေလိုက်တာ … ။ ” ” ဘယ်မှာတဲ့… တော်ဝင်စင်တာမှာလား … ၊ မဟုတ်ပါဘူး Moon မှာပါ… ။ မဟုတ်ပါဘူး …. မြေနီးကုန်းမှာပါ … ။ ရုံးကလည်း […]