moonpoemJune 5, 20111min29241
ယနေ ့မနက် တနင်္ဂနွေဖြစ်သည့်အားလျော်စွာ ကျွန်မ အားရပါးရ အိပ်လိုက်သည်မှာ ၁ဝနာရီထိုးမှနိုးသည်။ မန်ဘာတွေ ့ဆုံပွဲချိန်းထားသည့်အချိန်သည် ၁၁နာရီဖြစ်သည်ကို လည်း သတိရမိသည်။ တွေ ့ဆုံရန်နှိုးဆော်ထားသူက ကိုယ်ဖြစ်ပြီး နောက်ကျနေပါက မန်ဘာသူငယ်ချင်းများ ဆူမှာ ဆဲမှာ ကြောက်သည့်အတွက် မြန်မြန်ရေချိုးကာ တော်ဝင်စင်တာသို ့သွားသည်။ တော်ဝင်စင်တာအောက်ထပ်တွင် A4 စာရွက်ကိုင်ထားသူများတွေ ့သော်လည်း သူတို ့က အဖြူရောင်အကျင်္ ီဖြင့် မဟုတ်ကြ ။ ထို ့အပြင်ချိန်းထားသည်မှာကလည်း တော်ဝင်စင်တာ အောက်ထပ်တွင် မဟုတ်။ ပထမထပ်ရှိ မောနင်းစတားဖြစ်သည့်အတွက် သူတို ့မဟုတ်ဟု ထင်သည်။ ထို ့ကြောင့် အပေါ်ထပ်သို ့ပင်တက်သွားလိုက်သည်။ အပေါ်ထပ်တွင် အကျီင်္ အဖြူရောင် ဝတ်ထားပြီး ထိုင်နေသည့် စုံတွဲတွေ ကို တွေ […]