weiweiNovember 27, 20101min1233
ထောပတ်ထမင်းကတော့ တစ်ခါတစ်လေ ဒါန်ပေါက်အလွမ်းပြေ ချက်စားလေ့ရှိပါတယ် …. ဒီနေ့တော့ ပိတ်ရက်မို့လို့ ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ချက်စားဖြစ်တယ် … ချက်နည်းက ဗမာပြည်ကချက်တာနဲ့ နဲနဲကွဲလို့ ကျွန်မချက်နည်းကို ဖော်ပြပေးလိုက်ပါတယ် .. အဲဒီနည်းကတော့ ကျွန်မသူငယ်ချင်း ဘင်းဂလားဒေ့ရှ်ကုလားမချက်တဲ့နည်းကို ဗမာမှုပြုစားခြင်းဖြစ်ပါတယ် .. ပါဝင်သောပစ္စည်းများ .. ဆန် (၃) ခွက် (ခွက်သေး) သစ်ကြားပိုးခေါက် နဲ့ ကုလားဝေးရွက် အနည်းငယ် မုန်လာဥနီခပ်လတ်လတ်တစ်လုံး ပဲစိမ်းစေ့ (၁၅) ကျပ်သား .. နို့ဆီ .. သကြား … ဆား .. ချက်ပြုတ်ပုံ အဆင့်ဆင့် ... ဒါန်အိုးထဲသို့ ထောပတ် တစ်ဇွန်းသာသာခန့်ကို ထည့်လိုက်ပြီး အရည်ပျော်တာနဲ့ သစ်ကြားပိုးနဲ့ ကုလားဝေးရွက်ထည့်ပြီး ခဏဆီသတ်လိုက်ပါတယ် … […]