ETJuly 27, 20111min19915
ကျွန်တော် မနှစ်က ဒေါ်ညိမ်းကျေးရွာမှာ တာဝန်ထမ်းဆောင်စဉ်က ရေးထားတာလေးပါ ကျွန်တော် ရဲ့ကိုယ်ပိုင်ဘလေ့ာမှာလည်း ရေးတင်ထားပြီးသားပါ အခုပြန်လည်ဖော်ပြရခြင်းဖြစ်ပါတယ်။ ခင်မင်စွာဖြင့် xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx ဒေါ်ညိမ်းကျေးရွာ ငွေကြေးသတ်မှတ်ဖလှယ်မှုအကြောင်း ဒေါ်ညိမ်းငွေကြေးဖလှဲမှုအကြောင်းမပြောခင် ဒေါ်ညိမ်းကျေးရွာအကြောင်းတော့ သိထားမှဖြစ်မှာ။ ဒေါ်ညိမ်းကျေးရွာဆိုတာ ဖျာပုံခရိုင်၊ အမာမြို့နယ်ခွဲမှာရှိတဲ့ ကျေးရွာတစ်ရွာပါ။ မွန်ဘာသာစကား “ ထော့ညှင်း” မှ ဆင်းသက်လာတာပါ။ “မင်းညီမင်းသားများထမင်းလက်ဆုံစားတဲ့နေရာလို့” အဓိပ္ပါယ်ရပါတယ်။ နောက်တော့ ခေတ်ကာလပြောင်းလဲလာတာနဲ့အညီ နောက်ဆုံး “ဒေါ်ညိမ်း” ဖြစ်လာတဲ့ အထိပါပဲ။ ကျေးရွာတစ်ရွာဆိုပေမယ့် စည်ကားလှပါတယ်။ အနီးမှာရှိတဲ့ သရက်ပင်ဆိပ်၊ ခါးပြတ်၊ ကုန်းတန်း၊ ဆိပ်မ၊မြို့ကုန်း၊ ဗန္ဒာပင်၊ အေးကုန်း၊ ကမန္တာ၊ ဖရဲကုန်း၊ အလယ်စု၊ အဝစု ……………..အစရှိတဲ့ ရွာတွေအားလုံး “ဒေါ်ညိမ်း” မှာလာပြီး ရောင်းဝယ်ဖောက်ကားကြပါတယ်။။။။အသုံးရှားတဲ့ပစ္စည်းမျိုးကိုတော့  ဖျာပုံတက်ပြီးဝယ်ကြပါတယ်။ ကြူံတုန်းပြောရဥိးမယ် ( ဖျာပုံ […]