moonpoemMay 24, 20111min650
ကျွန်မသူငယ်ချင်း၏ မွေးနေ့တွင်သူငယ်ချင်းကကျွန်မတို့ ကို ဟမ်ဘာဂါနှင့် လိမ္မော်ရည်ဖြင့်ဧည့်ခံပါသည်။ ကျွန်မကလည်း သူ၏အကြိုက်ဆုံးသော ရေမွှေးတစ်ပုလင်းကို လက်ဆောင်ပေးပါသည်။ ကျွန်မတို ့သူငယ်ချင်းတွေရောက်တတ်ရာရာပြောနေရာမှ လေးနက်သော အကြောင်းအရာတစ်ခုဆီသို ့ဦးတည် သွားကြသည်။ ထိုအကြောင်းအရာကတော့ ရေမွှေးကိုလက်ခံရရှိသော သူငယ်ချင်းက ကျွန်မကို ကျေးဇူးတင်ကြောင်းပြောရင်းက ရေမွှေးဆိုတာမသုံးလည်းဖြစ်တဲ့ အရာတစ်ခုပဲ မဟုတ်လား အနံ ့သိ်ပ်ကောင်းလွန်းလို ့ ဒေါ်လာ သောင်းချီပေးရတဲ့ ရေမွှေးတွေဘယ်လောက်ပဲရှိရှိ အလကားရှူနေရတဲ့ လေဆိုတာ ငါတို့အတွက် အကောင်းဆုံးပဲမဟုတ်လားတဲ့လေ။ သူပြောလိုက်သော စကားက ဘာမှမဟုတ်ဆိုသော်ငြားလည်းကျွန်မအတွက်တော့ အတွေးတွေအများကြီး ပွားစေခဲ့ပါတယ်။ ဟုတ်ပါရဲ ့နော် ဈေးကြီးပေးပြီး ရေမွှေးအနံ ့ဘယ်လောက်ပဲ ကောင်းပါတယ်ပြောပြော အောက်ဆီဂျင်ပြတ်လို ့သေတာသာရှိတယ် ရေမွှေးမသုံးလိုက်ရလို ့သေတယ်ဆိုတာရှိမှမရှိပဲနဲ ့။ ဒီလိုနှင့် ကျွန်မဆက်တွေးမိသွားသည် ကျွန်မအခု သောက်နေတဲ ့လိမ္မော်ရည်သည် ၅၀ဝ […]