moonpoemJanuary 21, 20131min12827
ရွာထဲကို မရောက်ဖြစ်တာ ကြာပြီ။ အရင်တပတ်ကတော့ ခဏဝင်လည်တုန်း ရွာသူရွာသားတွေ စုံညီပွဲလုပ်မည့် အကြောင်းကို ဖတ်လိုက်ရသည်။ ကိုယ်က အရင်တစ်ခေါက် ခဲမှန်ဘူးသည့် စာသူငယ်ဖြစ်ဘူးသဖြင့် ဒီတစ်ခါရော တကယ်လား လာမယ်လာမယ်ပြောပြီး တကယ်တမ်းရော လာကြမှာလား စသည်ဖြင့် အတွေ းတွေဖြင့် စုံညီပွဲကို သွားရမှာကို စိုးရိမ်စိတ်တွေဝင်မိသည်။ နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချလိုက်သည်။ သွားတော့ကြည့်လိုက်မည်။ ယခုတစ်ခေါက်တော့ ကံကောင်းပါစေဟု ဆုတောင်းလိုက်မိသည်။ မနေ ့က တနင်္ဂနွေနေ ့ဆိုပေမယ့် ပွဲကို နောက်ကျမှာစိုးသဖြင့် စောစောစီးစီး အိပ်ရာထလိုက်သည်။ ကန်တော်ကြီးမှာ ဝင်ကြေးပေးရမယ့် နေရာရောက်တော့ စိတ်အားငယ်စွာဖြင့် မဝံ့မရဲ မေးလိုက်သည်။ အစ်ကို ရေ ကျွန်မက မန်းတလေးဂေဇက် စုံညီပွဲကိုလာတာပါလို့ ဆိုတော့ အယောက်၂ဝကျော်ပြီ ဖြစ်သည့်အတွက် ဝင်ကြေးကတော့ ပေးရမည် ဟုဆိုသည်။ […]