နွယ်ပင်November 15, 20101min21021
ဒီလ အောက်တိုဘာ ၂၀-နေ့က New York မှာ Victoria’s Secret ဖက်ရှင်က ဒီနှစ်ရဲ့ ဟောလီးဒေးဖက်ရှင် အဖြစ် မော်ဒယ် အန်ဒရီယာနာ လီမာ Andriana Lima က ဒေါ်လာနှစ်သန်းတန် ဘရာစီယာကို ပထမဆုံးဝတ်ပြပြီး ပရိသတ်တွေရှေ့မှောက်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီတန်ဖိုးကြီးပြီး လက်ရာမြောက်လှတဲ့ ဘရာစီယာရဲ့ ဒီဇိုင်းကို Damiani ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ကျောက်မျက်ရတနာပေါင်း ၃၀၀၀-ကျော်နဲ့ စီချယ်ထားပါတယ်။ စိန် ၆၀-ကာရက်၊ နီလာ ၈၂-ကာရက် နဲ့ ဥသဖယားတွေနဲ့ စီချယ်ထားပါတယ်။ ရွှေဖြူ ၁၈-ကာရက်နဲ့ ကွပ်ထားပါတယ်။ ဘရာဇီးနိုင်ငံသူလေး လီမာကတော့ Victoria’s Secret ရဲ့ ပင်တိုင်မော်ဒယ်တယောက် ဖြစ်ပါတယ်။ သူမဟာ အပြာရောင်ခါးရှည် အင်္ကျီနဲ့ အတူ စိန်လည်ဆွဲတကုံးကို လိုက်ဖက်စွာဝတ်ဆင်ခဲ့ပါတယ်။ “ကျမကိုယ်ကျမ […]