ဒေါ်အောင်ဆန်းစုကြည်ဘန်ကောက်လေဆိပ်သို့ရောက်ရှိစဉ်…   လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၂၄)နှစ်တာအတွင်း ပထမဦးဆုံးခရီးစဉ်အဖြစ် ထိုင်နိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိလာခဲ့ပါတယ်။ သူရဲ့လုံခြုံရေးအတွက် ထိုင်းအထူးရဲတပ်ဖွဲ့မှ တာဝန်ယူထားပါတယ်။မဟာချိုင်ရှိ မြန်မာနိုင်ငံသား အလုပ်သမားများကိုလည်း အားမငယ်ကြဖို့၊စည်းကမ်းရှိကြဖို့မှာကြားသွားပါတယ်။လုံခြုံရေးကိုတော့ အထူးဂရိုက်ဖို့လိုအပ်ပါလိမ့်မည်။။ဇွန်လ(၁)နေ့တွင်ကျင်းပပြုလုပ်မည့် ကမ္ဘာ့စီပွါးရေးညီလာခံမှာ မိန့်ခွန်းပြောကြားမှာလည်းဖြစ်ပါတယ်။ထိုင်းပြည်သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပထမဦးဆုံးပြည်ပခရီးစဉ်ဟာ ထိုင်းနိုင်ငံဖြစ်တဲ့အတွက် ဂုဏ်ယူဝမ်းသာပါကြောင်းနဲ့ ထိုင်းနိုင်ငံသာမကပဲ ဒေသတွင်းအရေးကြီးတဲ့ ခရီးစဉ်ဖြစ်ကြောင်းကို ထိုင်းနိုင်ငံရဲ့ အထက်လွတ်တော်အမတ်ဟောင်းဖြစ်တဲ့ ခရိုင်ဆက်က ပြောကြားသွားပါတယ်။ ဇွန်လ(၂)နေ့မှာ မယ်လ ဒုက္ခသည် စခန်းသို့သွားရောက်မှာဖြစ်ကြောင်းလည်းသိရပါတယ်။။။ ဓါတ်ပုံများကို…MyanmarCelebrity.com မှ ရရှိပါသည်။