True FaithNovember 14, 20101min21910
ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံအမျိုးမျိုးကို ကျနော် မြင်ခဲ့ဖူးပါတယ်။ ဓာတ်ပုံသီးသန့်ရော၊ စားသားပါတဲ့ ဓာတ်ပုံတွေရောပေါ့။ သို့သော် ဘယ်ဓာတ်ပုံကိုမှ အခု အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံလောက် ကျနော့်ရင်ကို မလှုပ်ခတ်စေခဲ့ပါ။ ဒီဓာတ်ပုံလေးက အင်မတန်လှသလို ဆရာမင်းသုဝဏ်ရဲ့ ဗေဒါလမ်းကဗျာထဲက ကဗျာတိုလေးဟာ အင်မတန် အဓိပ္ပါယ်ပြည့်ဝပါတယ်။ ဒီနှစ်ခုကို မိုးမခဝက်ဆိုဒ်က ကိုမျိုးက ဒီဇိုင်းထွင်ပြီး ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ကျနော့်စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်ခဲ့ပါပြီ။ ကြိုက်လွန်းလို့ ကွန်ပျူတာ ဒက်စတော့မှာ တင်ထားမိတယ်။ ဒါကြောင့် မိတ်ဆွေတို့လည်း ခံစားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။ တလက်စတည်း ကဗျာဆရာ စစ်ဝေးရဲ့ ကဗျာတိုလေး နှစ်ကြောင်းကိုလည်း ဝေမျှလိုက်ပါတယ်။ ပန်းပန်တဲ့ ဗေဒါ လှိုင်းထန်ထန် လေကြမ်းကြမ်း မဗေဒါ ဒီမိုလမ်းမှာ ပန်းပန်လို့လှမ်း…။ စစ်ဝေး မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းတိုးတက်ပါစေ… […]


True FaithNovember 14, 20101min1787
မိန့်ခွန်း ကောက်နုတ်ချက် … “ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ” “ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။ ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် […]