အထူးသတင်း…………. ယမန်နေ့ ညနေ 3း30 ဝန်းကျင်ခန့်တွင် တောင်ငူမြို့ ဒေါ်အောင်ဆန်းဆုကြည်ဟောပြောပွဲတွင် စင်အောာက် လူထုကြားတွင် ဂျင်ကလိ လက်နက်ဖြင့် ပစ်ခတ်မှု ဖြစ်ပွား—–အမျိုးသားတစ်ဦး ရင်ဝတွင်ဒဏ်ရာရရှိခဲ့၊ ထိုကိစ္စအတွက် ကိုအဖွဲ့ချုပ်မှ ဆိုင်ရာသို့ တိုင်ကြားခဲ့ခြင်းမရှိဟု သိရသည် ယနေ့ည 7း15 အချိန်ခန့်တွင် ရန်ကုန်နေပြည်တော်လမ်း 86 မိုင်တိုင် အရောက်တွင် ဒေါ်အောင်ဆန်းဆုကြည် လုံခြုံရေး ယာဉ်တန်းအား လမ်းဘေး မမြင်ကွယ်ရာမှ လောက်စလုံး(အမာ) ဖြင့် ချောင်းမြောင်း ပစ်ခတ်၊ ဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ကားနှင့်တစ်စီးခြားတွင် အဆိုတော်လင်းလင်းနှင့် လူငယ် ၆ ယောက် လိုက်ပါလာခဲ့သော အစ်ဆူဇူး ဒယ်ဘယ်ကက် ကား လုံခြုံရေးကား မှန်ကွဲပြီး လုံခြုံရေးကားပေါ်ပါ လူငယ်များ ဖူးယောင်ဒဏ်ရာရရှိ။ ကားရှေ့မီးကြီးအား ရည်ရွယ်ပစ်ခတ်ဟူခန့်မှန်းရ…..။ ထိုအမှုအတွက် ဆိုင်ရာသို့ အမှုဖွင့်တိုင်ကြားထားသည်ဟု […]