manawphyulayMay 19, 20111min801
သူငယ်ချင်းရေ… ကြုံဆုံလာကြ ဒီဘဝ ရေစက်ဆုံစဉ် တစ်ခဏ နင်နဲ့ငါဟာ ချိန်ခါရက်ညောင်း နှစ် လ ဟောင်းက အကြောင်းမလျော် ကွဲကြသော်မှ မတော်တဆ ကံပစ်ချ၍ နင်က နိုင်ငံခြားရောက် ငါက ငါ့မြို့လေးတွင်ရှိခဲ့ရင်လဲ တစ်ချိန် တစ်ကွေ့ ဘဝတစ်ကွေ့မှာ ကံကြမ္မာ အလှည့်အပြောင်းကြောင့် မတူညီတဲ့ မျဉ်းပြိုင်နှစ်ကြောင်း လျှောက်ခဲ့ရင်လဲ ငါနဲ့ ကြုံစဉ် မကြည်မျက်နှာ ဒေါမာန်နဲ့ကြည့် အထက်စီးဖြင့် မကြည့်လေဟု ငါ မျှော်မှန်းသည် သူငယ်ချင်း…