အလိုလိုနေရင်းအားနာမိပါတယ်..။။ ကားစီးတာတောင် အလိုလိုနေရင်းအားနာနေရတဲ့ အဖြစ်မျိုး ကြုံဖူးကြရဲ့လား မနေ့ကတော့ ကျွန်တော်ဆိုတဲ့ ကောင်လည်း ကြုံခဲ့ရတယ်ဗျို ့ ဒီ  အားနာတာကြီးက တစ်မျိုးကြီးဗျ ထိုင်ရှစ်ခိုးချင်လောက်အောင်ကို အားနာတာလေ ဟုတ်ပါတယ် ထိုင်ရှစ်ခိုးခြင်လောက်အောင် အားနာခဲ့ ရတယ် လို့ပြောမှ ပိုပြီးပြည့် စုံလိမ့်မယ်..။။ လိုင်ကားစီးရင် တွေရမယ် သံဃာတော်များသာဆိုတဲ့ ကားခေါင်းဖက်က ခုံတန်းလေးကိုလူတိုင်းသိကြမှာပါ အဲဒီခုံကြီးကြောင့်ဘဲ ကျွန်တော့အတွက် ထိုင်ရှစ်ခိုးခြင်လောက်အောင် အားနာခဲ့ရတာပဲဗျို့…..။။။။ အဲဒီလိုအားမနာရစေဘို့ အတွက် ကျွန်တော်လေ လိုင်းကားစီးရင် အမြဲတမ်း ကားအနောက်ဖက်ကိုပဲ ဝင်ပြေးတာများတယ်  အနောက်ဖက်မှာ လူသိပ်များနေရင် အရှေဖက်ကခုံမှာထိုင်ရပေမယ့်  အဲဒီ သံဃာတော် များသာ ဆိုတဲ့ ခုံကိုဝေးဝေးကရှောင်တယ် လူသိပ်ကြပ်နေပါစေ အဒီ ခုံနဲ့ကပ်လျှက် နောက်ဖက်ကခုံမှာတောင် မစီးဘူး ဘာပဲပြောပြောပေါ့ဗျာ လိုင်းကားဆိုမှတော့ ကိုယ်ပိုင်ကားမှမဟုတ်တာပဲ ထိုင်ခြင်တဲ့နေရာတော့ […]