padonmarMay 16, 20162min46812
  ထိုင်ဝမ်မြေပဲကျွန်းအကြောင်းမှာ တတိယ နေရာအဖြစ် ပြောချင်တာကတော့ ဖန်တရာတေအောင် ပြောပြီးဖြစ်တဲ့ တန်းစီခြင်း Queue ပါပဲ။ ထိုင်ဝမ်မှာ ဘယ်နေရာမဆို တန်းစီပါလို့ ပြောနေစရာ မလိုပါဘူး။ ရထားပေါ်တက်မယ့် တံခါးဝမှာ တန်းစီဖို့ မျဉ်းကြောင်းလေး ဆွဲပေးထားပါတယ်။ တန်းအဝေးကြီး စီမနေရအောင် တန်းစီတဲ့ လိုင်းကို အနားမှာတင် ၃ပတ်လောက် ကွေ့ပြီး ဆွဲပေးထားပါတယ်။ မျဉ်းကြောင်းအတိုင်း ဝင်စီသွားရုံပါပဲ။ စက်လှေခါး Escalator တွေမှာလည်း ညာဖက်ကို ကပ်စီးပေးကြပါတယ်။   ရုံးတက်ချိန် ကျောင်းတက်ချိန် အလျင်လိုသူတွေ လူငယ်တွေက လွတ်နေတဲ့ ဘယ်ဖက်က လွတ်လွတ်ကြီး ပြေးသွားနိုင်ပါတယ်။ ဒီနေရာမှာ နိုင်ငံတွေ တခုနဲ့ တခု ကပ်ရပ်ပေးတဲ့ ဖက်ချင်း မတူဘူးလို့ ဖတ်မှတ်မိပါတယ်။ ဂျပန်မှာက ဘယ်ဖက်ကို ကပ်ရပ်ပါတယ်တဲ့။ […]


ThuyazawDecember 20, 20121min35627
ရွာတစ်ရွာမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်အိမ်ထောင်ကျကြသတဲ့…… ကောင်လေးက ကောင်မလေးကို ချစ်ခင် ….. ကောင်မလေးက ကောင်လေးကိုချစ်ခင် အပြန်အလှန် မြတ်နိုးယုယမှုတွေနဲ့ပေါ့……. မင်္ဂလာဆောင်မှာ လက်ဖွဲ့တွေတသီတတန်း ပျော်မဆုံး မော်မဆုံး ပြုံးပြုံးကြီးပေါ့……ဒီထဲမှာမှ ထူးခြားစွာ ခွေးမဲမဲလေး တစ်ကောင်ပါလာတယ်……. အဲဒီလက်ဖွဲ့ရတဲ့ ခွေးမဲမဲလေးကို သူတို့နေမယ့် ကောင်မလေးအမေအိမ်မှာ သူတို့နဲ့အတူတူ မွေးမြူထားခဲ့တယ်………ဒီလိုနဲ့ နှစ်ကာလ အတန်တန် ကြာလာတဲ့အခါမတော့ အိမ်ထောင်သည်တို့ ထုံးစံအတိုင်း တစ်ယောက်နဲ့တစ်ယောက်အမြင်မကြည်လင်မှုတွေဖြစ်လာခဲ့တယ်…… မိန်းမဖြစ်သူ ကောင်မလေးက ယောက်ျားကို အတော်နိုင်သတဲ့…… ကောင်မလေးရဲ့အမေကလဲ ဝင်ပြောပြောလာတော့ ကြာတော့ ကောင်လေးစိတ်ပျက်ပီးတော့ အိမ်ကနေထွက်သွားသတဲ့…ကောင်လေးရဲ့ စိတ်ထဲမှာ ကောင်မလေးနဲ့ သူ့အမေကို သေစေချင်နေခဲ့တယ်….ဒီလိုနဲ့ ကောင်လေး ထွက်သွားပီး နှစ်ရက်လောက်အနေမှာတော့ သူ့သူငယ်ချင်းကနေပီး အပြေးအလွှားကောင်လေးကို သတင်းတစ်ခုလာပေးတယ်……. အဲဒီ သီတင်းကြားတော့ ကောင်လေး ပြုံးရွှင်စွာပဲအိမ်ပြန်လာတယ်……အိမ်ရောက်တော့ သူ့မိန်းမဖြစ်တဲ့ […]