black chawSeptember 26, 20111min1305
    MaMa ရေ ဒီဘုရားဖူးခရီးစဉ်မှာ ကျွန်တော့်အတွက် အမှတ်တရအဖြစ်ဆုံး အဖြစ်ကလေးတစ်ခုကြုံခဲ့ရပါတယ်။ ဂယာရောက်ပြီး လေးရက်မြောက်နေ့ဖြစ်တဲ့ (၂-၁၂-၂၀၁၀) နေ့က ဖြစ်ပါတယ်။ ကျွန်တော်တို့မိသားစုတည်းနေတဲ့ မြန်မာကျောင်းက ဘုန်းကြီးတစ်ပါးက ကျွန်တော့်ကိုခေါ်ပြောပါတယ်။ ကျောင်းမှာကလည်း ကျွန်တော်တို့ဘုရားဖူးအဖွဲ့မှာပါတဲ့လူတွေက ခရီးဆက်သွားပြီဖြစ်ပြီး နောက်လူတွေလည်းမရောက်သေး တဲ့အချိန်ဖြစ်တော့ လူသိတ်မရှိတဲ့ အချိန်ပေါ့။ “ ဒကာကြီးတို့လင်မယား ဒီပွဲလေးကို တက်ပေးဘို့ တောင်းဆိုချင်ပါတယ်။ ကျောင်းမှာလည်း လူနည်းနေလို့ပါ။ ဒကာကြီးတို့ အဖေနဲ့အမေကို ဘုန်းကြီးတို့ စောင့်ရှောက်ပေးထားပါ့မယ်” ဆိုပြီး ဖိတ်စာလေးတစ်ခုပေးပါတယ်။ ဖတ်ကြည့်လိုက်တော့ 6th Annual International Tipitaka Chanting Ceremony to the held under the Bodhi Tree in Bodhgaya, India (December […]