alinsettJune 21, 20121min2689
”မေးစရာရှိ မေးလေ” ”စွန်ပြိုင်ပွဲပြီးကတည်းက သူအိမ်ပြန်လာတော့ သွေးနည်းနည်းထွက်နေ တယ်။ ရှပ်အကျႌပြဲနေတယ်။ ဘာဖြစ်ခဲ့သလဲ အလီမေးတော့ သူက ဘာမှမဟုတ်ပါဘူး တဲ့။ စွန်လုရင်း ကလေးအချင်းချင်း ရန်ဖြစ်ကြတာပါတဲ့” ကျွန်တော် စကားမပြန်။ ကြက်ဥသာ ခေါက်မြဲခေါက်နေသည်။ ”သူတစ်ခုခု ဖြစ်ခဲ့သလား။ အလီ့ကို မပြောဘဲ အုပ်ထားတာရှိသလား၊ အေမား” __________________________________________________ ”သူတစ်ခုခု ဖြစ်ခဲ့သလား။ အလီ့ကို မပြောဘဲ အုပ်ထားတာရှိသလား၊ အေမား” ကျွန်တော် ပခုံးတွန့်ပြသည်။ ”ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ” ”အေမား အလီ့ကို ပြောမယ်မဟုတ်လား။ တစ်ခုခုဖြစ်ခဲ့ရင် ပြောမယ် မဟုတ်လား” ”သူဘာဖြစ်နေမှန်း ကျွန်တော် ဘယ်လိုလုပ်သိမှာလဲ။ သူဖျားချင်ဖျား နေမှာပေါ့။ လူဆိုတာ ဖျားတတ်တာပဲဟာ။ ကဲ၊ ကျွန်တော် အခုချမ်းလွန်းလို့ ခဲပြီး သေတော့မယ်။ ‘ဒီနေ့မီးမွှေးဦးမှာလား” […]