facebook မှာ တွေ့ခဲ့လို့ပါ။ သေချာဖတ်ကြည့်တော့ တော်တော်အကျိုးရှိတဲ့ အပင်ဖြစ်နေလို့ပါ။ ဒီမြက်ပင်အကြောင်းလေးလည်း သိတဲ့သူ ဆွေးနွေးပေးပါဦးနော်။   မြေထိန်းမြစ်ရှည်မြက် (ဗက်တီဗာ) စိုက်ကြပါ။ သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးဒုက္ခရောက်နေရတဲ့ မြန်မာနိုင်ငံမှာ အသုံးချ ကုစားစရာ အများပါဝင်ဆောင်ရွက်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့ ဗက်တီဗာခေါ် မြစ်ရှည်မြက် သို့မဟုတ် မြေထိန်းမြစ်ရှည်မြက် စိုက်ပျိုးအသုံးချခြင်း နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ရန် တင်ပြရင်း တတ်နိုင်သလောက် စိုက်ပျိုးကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။ သစ်ပင်တွေခုတ်ကြလို့ မိုးရွာတိုင်း မြေကြီးမြေဆီတွေ တိုက်စားခံရပါတယ်။ တိုက်စားခံရသမျှ သဲမြေများဟာ တားဆီးမဲ့ သစ်ပင်တွေမရှိတော့လို့ မိုးရေနဲ့အတူ တောင်စောင်း ချောင်းမြောင်းများတစ်လျောက် မျောပါစီးဆင်းရင်း မြစ်ချောင်းများအတွင်း ဝင်ရောက်လာခဲ့ကြပါတယ်။ ဒီနေရာမှာ တောင်ပေါ်နဲ့ မြင့်ရာနေရာတွေကနေ နိမ့်ရာကို၊ ရေစီးနဲ့အတူ သဲမြေတွေ တောက်လျှောက် စီးဆင်းသွားကြတော့ […]