မောင်ဆန်းAugust 22, 201121min18730
စာဥပုံလေးမြင်မှ စာဥနဲ့ညောင်ညိုပင်ကြီးအောက် တူတူပုန်းခဲ့တာတွေက ပြန်ပေါ်လာတတ်လို့  ရေးတော့မယ်ဆို ပုံတွေပြန်ကြည့် မှတ်ထားတာ လေးတွေ ပြန်ဖတ်လုပ်လိုက်မှ စိတ်က အဲဒီနေရာတွေ ပြန်ရောက်သွား တော့တယ်… Opera House ကနေ ထွက် Sight seeing ကားနဲ့ မြို့ထဲပတ် ဟိုငေး ဒီငေး ဓါတ်ပုံရိုက် စိတ်ဝင်စားတဲ့ နေရာကျ ဆင်းနေခဲ့ အဲဒီကားနဲ့ လိုက်မသွားတော့ပဲ ကြည့်ချင်တာကြည့် ပြီးတော့မှ နောက်ထပ်ရောက်လာတဲ့ နောက်ကားနဲ့ ဆက်လိုက် ပိုက်ဆံထပ်ပေးစရာမလိုဘူး အဲဒီနေ့က ပန်းခြံမှာဆင်း လိုက်ကြည့် ပြီးတော့မှ နောက်တစ်စင်းနဲ့လိုက် Viking ပြတိုက်ကိုသွားတယ် သွားတဲ့ လမ်းဘေးမှာ ဘုရင် မိသားစု နွေရာသီ နေတဲ့ ခြံကြီးရှိတယ် ခြံကတော့ တော်တော်ကျယ်တဲ့ပုံ အိမ်ကတော့ အပြင်ပန်းကြည့်ရတာ သာမန်ပါပဲ အပြင်လုံခြုံရေးက […]


မောင်ဆန်းAugust 19, 20118min20322
တစ်ရက်တော့ မိတ်ဆွေ တစ်ယောက်က ဖိတ်တာနဲ့ သူ့အိမ်မှာ ညနေစာ လိုက်စားကြတယ် နော်ဝေနိုင်ငံအကျယ်က မြန်မာရဲ့ တဝက်ကျော်လောက် ရှိပေမဲ့ လူကျ ၁ဝ ပုံ ၁ ပုံ တောင် မရှိဘူး ( ၄.၈ သန်းလောက်ရှိတာကို) လူနေထိုင်မှုက တစ်မိုင်ပတ်လည် မှာမှ ၃၁ ယောက်ပဲရှိတယ် အော်စလိုမြို့ပေါ်က လွဲလို့ အပြင်ထွက်လာရင် အိမ်ခြေတော်တော်ကျဲတယ် တော်တော်လေးသွားမှ အိမ်ခြေတစ်စု ထပ်သွားမှ တစ်စု ကျန်တာက လမ်းဘေးမှာ ကွက်လပ်ကြီးတွေ တချို့ က ဂျုံခင်း တချို့က မြက်ခင်းတွေ အကျယ်ကြီးတွေပဲ မြက်ခင်းတွေဘေးမှာ အဖြူဖြူလုံးကြီးတွေ တွေ့လို့ မေးကြည့်တော့ မြက်တွေရှည်လာရင် ရိတ်ပြီး အိတ်တွေနဲ့ အလုံးကြီးတွေလုပ်ထားတာ တိရစာ္ဆန်စာအတွက် လှောင်ထားတာပေါ့ ဆောင်းဆို ပတ်ဝန်းကျင် […]


မောင်ဆန်းAugust 19, 201112min12616
အပန်းလဲဖြေ အနုပညာလက်ရာတွေလဲ ကြည့်လို့ရမဲ့နေရာကတော့ အော်စလိုမှာ ထင်ရှားတဲ့  Fronger Park ပါ ပန်းခြံကြီးက ဧက ၈ဝ ကျယ်ပါတယ် တကယ့် သပ်သပ်ရပ်ရပ် သာသာယာယာ နဲ့ အပန်းဖြေ အနားယူလို့ကောင်းတဲ့နေရာပါ ကျယ်ဝန်းတဲ့ မြက်ခင်းပြင်တွေ ရှိတယ် ရေကူးကန်ရှိတယ် ကလေးကစားကွင်းရှိတယ် အထူးခြားဆုံးနဲ့ စိတ်ဝင်စားဘို့အကောင်းဆုံးက နော်ဝေနာမည်ကျော် အနုပညာရှင်ကြီး Gustav Vigeland ရဲ့ လက်ရာတွေပါ ကြေးရုပ်တွေသွန်းထားတယ် ဂရန်းနိုက် ကျောက်တုံးကြီးတွေနဲ့ ထုထားတယ် ကြေးနဲ့သွန်းတာ ၂၁၂ ရုပ် ကျောက်ကိုထုတာက ၅၈ ရုပ် ရှိတယ် ၊ တံတားဘေးက အရုပ်တွေက နေ့စဉ်လူနေမှုဘဝကိုဖော်ကျူးထားတဲ့အရုပ်တွေ၊ ၊ရေပန်းဘေးကတော့ ဘဝသံသရာကိုဖော်ကျူးထားတာ၊အဲဒီမှာ နာမည်အကြီးဆုံးက Sinnataggen (Angry Boy) ဆိုတဲ့ စိတ်ဆိုးနေတဲ့ ကလေးလေးအရုပ်ပါ  […]


မောင်ဆန်းAugust 18, 20115min14815
၂၄ နာရီလုံး အလင်းရောင် ရနေတဲ့ ကိစ္စက ဒီကိုရောက်လာတဲ့ မိသားစုတွေမှာလဲ ကြုံတတ်တယ် ကလေးက ဆော့ကောင်းတုန်း တော်တော်နဲ့ မအိပ် သား အိပ်ချိန်ရောက်ပြီ အိပ်တော်လေ ဆိုတော့ နေ့ဘက်ကြီး မိုးတောင်မချုပ်သေးဘူး ဘယ်လိုအိပ်မလဲတဲ့.. နော်ဝေမှာ  မေလနှောင်းပိုင်းကနေ  ဇူလိုင်လနှောင်းပိုင်းအထိ က ၂၄ နာရီလုံး လင်းနေတယ် မြောက်ပိုင်းမှာ ပိုလင်းတယ် အော်စလိုမှာတော့ သန်းခေါင်လောက်ဆို အလင်းနဲနဲလျော့သွားတယ် ၂ နာရီလောက်ကျ ပုံမှန်အတိုင်း ပြန်လင်းလာတယ် ၊သူနဲ့ ပြောင်းပြန် နိုဝင်ဘာလနှောင်းပိုင်း ကနေ ဇန်နဝါရီလနှောင်းပိုင်းအထိကျ တစ်နေ့ ၄ နာရီ လောက်ပဲ လင်းပြီ ကျန်တာက မဲမှောင်နေရော (နော်ဝေမြောက်ပိုင်းကတော့ ၂၄ နာရီလုံးလုံး မဲမှောင်နေတာပါ) ဆောင်းတွင်းဆို အိမ် အပြင်ဘက်မှာ ရေခဲထုက […]


မောင်ဆန်းAugust 16, 20113min19913
အော်စလိုလေဆိပ်လို့ အလွယ်ခေါ်ပေမဲ့ တစ်ကယ့် အမည် က ဂါဒါမွန်လေဆိပ်(Gardermoen Airport )ပါ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ် လိုပေါ့ အော်စလိုမြို့နဲ့ ကီလို ၅ဝ ဝေးပါတယ် လေယာဉ်ပေါ်မှာ ကတဲက နာမည်ကျော် နော်ဝေရဲ့ ကြီးကျယ်ခမ်းနားတဲ့ လေဆိပ် စစ်ဆေး မေးမြန်းမဲ့ လဝက တွေအတွက် ပြင်ဆင်ထားပေမဲ့ တကယ်လဲ လေယာဉ်ပေါ်က ဆင်းလာရော မြင်ရတာက ရန်ကုန်လေဆိပ်ထက် နဲနဲကြီးရုံပဲ နောက် လဝက လဲဖြတ်စရာ မလိုပဲ  ပစ္စည်းရွေးတဲ့ နေရာတန်းရောက်တယ် (နော်ဝေက Schengen Area မှာပါတော့ ဖရန့်ဖတ် မှာပဲ လဝက ကစစ်တာနဲ့တင် လုံလောက်သွားတယ် ဒီဘက်ကို ဆက်လာတာက Domestic ခရီးပေါ့) ပစ္စည်းကမရောက်သေး ရွေးတဲ့နေရာကလဲ (၉)ခုပဲရှိတယ် ဘေးမှာ […]


မောင်ဆန်းAugust 15, 20112min18117
  ကိစ္စအားလုံး စီစဉ်ပြီး ဇွန်လ ပထမပတ်ထဲ ထွက်ဖြစ်တယ် ရန်ကုန်က ညနေပိုင်းလေယာဉ်နဲ့ထွက် ဘန်ကောက်ကို ည ၁ဝ နာရီလောက်ရောက်တယ် ဆက်ထွက်မဲ့လေယာဉ်က သန်းခေါင် ၁၂ နာရီ မှဆိုတော့ အချိန်ရပြီး အေးအေးဆေးဆေး သွားရလို့တော်သေးရဲ့ ဘန်ကောက်မှာ Transit လုပ်ပြီး ပြန်အဝင် ၉/၁၁ နောက်ပိုင်း အခြေအနေကို ထင်ဟပ်နေတဲ့ လုံခြုံရေးစစ်ဆေးမှုမှာ ခါးပတ်ရော ဖိနပ်ရော အနွေးထည်ရော ချွတ် လက်တော့ပါရင် အပြင်ထုတ် နဲ့ နောင်ဆို တစ်ကိုယ်လုံးများ ချွတ်ရမလား မသိ ဘန်ကောက် လေဆိပ်မှာ Check In ဝင်တော့ တချို့လူတွေရဲ့ ပတ်စ်ပို့ကို ယူကြည့် ချက်ချင်းပြန်ပေးတယ် ကိုယ့်ကြတော့ ပြန်မပေးပဲယူထားပြီး ထပ်စစ်နေပြန်ရော နာရီဝက်လောက် နေတော့မှ ပြန်ရတယ် […]


မောင်ဆန်းAugust 15, 20111min21214
မေလထဲက နော်ဝေ ဒုတိယနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကို လာလည်တာနဲ့ ပတ်သက်ပြီး နော်ဝေဆိုတာ ကမ္ဘာပေါ်မှာ လူနေမှုအဆင့်မြင့်ဆုံးနိုင်ငံ၊အချမ်းသာဆုံးတနိုင်ငံ၊ဝင်ငွေထဲကလှူဒါန်းမှုအရက်ရောဆုံးနိုင်ငံ၊ငြိမ်းချမ်းရေးနိုဘယ်ဆုပေးတဲ့နိုင်ငံ၊လူ့အခွင့်အရေးအပြည့်ဝဆုံးနိုင်ငံ စတဲ့ စတဲ့ သတင်းကောင်း သတင်းပေါင်း များစွာကို ဂျာနယ်တွေမှာ ချီးမွမ်းရေးသားနေကြတဲ့အချိန် နော်ဝေကိုသွားဘို့ အခွင့်အရေးလေးတစ်ခု ရလာပါတယ် ပတ်ဝန်းကျင် နိုင်ငံတချို့ကိုရောက်ဘူးပေမဲ့ ဥရောပနိုင်ငံတွေဘက်ကိုတော့ တစ်ခါမှ သွားခွင့်မကြုံခဲ့ပါဘူး။ ဥရောပနိုင်ငံထဲကမှ နော်ဝေဆိုတာမို့ ဒီတစ်ခေါက်ခရီးစဉ်အတွက် ရင်ခုန်မိသလို ရွာသူရွာသားတွေကိုလဲ ကိုယ်သိလာမဲ့ ဗဟုသုတလေး ပြန်မျှဝေချင်စိတ် ပေါ်လာမိပါတယ်။ လိုအပ်တာတွေ ပြင်ဆင်ရင်း အရင်ဆုံး ဗီဇာကိစ္စအတွက် ကြိုးစားရတယ် နော်ဝေသံရုံးက မြန်မာပြည်မှာမရှိပဲ ဘန်ကောက်မှာပဲရှိတာမို့ ဘန်ကောက်က နော်ဝေသံရုံးကို ဗီဇာလျှောက်ဘို့ကိစ္စ စာရွက်စာတမ်းတွေ လိုတာပြင်ဆင်ပါတယ် မိတ်ဆွေ တစ်ယောက်နဲ့ စကားစပ်မိရင်းမှ နော်ဝေဗီဇာကိုရန်ကုန်က Schengen Visa ပေးနိုင်တဲ့သံရုံး တစ်ခုခုမှာ လျှောက်လို့ရနိုင်တယ်ဆိုလို့ […]