manawphyulayMay 17, 20121min839
ဆည်းဆာရိပ်ဘိုးဘွားရိပ်သာရောက်တုန်းလေးမှာ ရင်ထဲအရင်ဆုံး ဝင်လာတဲ့ ကဗျာလေးတစ်ပုဒ်ကို ပြန်လည်မျှဝေလိုက်ပါတယ်။ ရေးသားသူနာမည်လေးလည်း တင်ပေးထားပါတယ်။ စိတ်ထဲတစ်မျိုးလေးပါပဲ။ ဘဝရဲ့အေးချမ်းရာ အမှန် ဘယ်နေရာလဲဆိုတာ….. ဒီလိုအဘွား အဘိုးတွေအတွက် အမှန်တကယ် အရိပ်တွေ အများကြီး ရှိသင့်ပါတယ်။ ဆည်းဆာကညို အဘွားအို ငိုပါနဲ့ အားတင်းပါကွဲ့။ ညနေချိန်ဆို အဘိုးအို ပျိုချိန်ငဲ့ တမ်းတပါရဲ့။ အဘိုးနဲ့ အဘွားအို ပျိုချိန်ကို မျှော်ကာတမ်းလို့ လွမ်းပါနဲ့ဗျို။ ပျိုစဉ်က ဟန်မာန်ပို ကြံဖန်ကာ လှုပ်ရှား ကြင်ဖက်ပါ သားနဲ့သမီးတွက် သွက်တဲ့လုပ်အား။ ဝဋ်ကြွေးရယ် ရှောင်မရလို့ ကြုံကြတဲ့ ကံကြမ္မာ ဆိုးချက်ကနာ။ သမီး သား ကြင်ဖက်ပါ ဝဋ်ကြမ္မာဖယ်ရှား။ ဇရာအို ကံတရားက ဆိုးလှချည်လား။ နေဝင်ချိန် အရွယ်မှည့် တွယ်ရာမဲ့ ဘိုးဘွားအို စိတ်ပျက်နဲ့ဗျို။ သဒ္ဓါတရား […]