Ma EiJanuary 23, 20132min25523
နေဝင်ချိန် Sunset ကို လှမ်းတက်လို့ ကြည့်ကြမယ်…   နေဝင်ချိန်လေးတွေရဲ့ လှပတဲ့ အရောင်တွေနဲ့ အတူ ခဏလေးသာကြည့်ခွင့်ရတဲ့ နေမင်းကြီး ကို နှစ်သက်စွာ ငေးကြည့် နေတတ်ကြသူတွေထဲမှာ ကျမလဲ တစ်ယောက်ပါဝင်သူပါ…နေထိုင်ရာ ရန်ကုန်မြို့နဲ့ ခရီးသွားစဉ် ရောက်ရှိရာ အရပ်ဒေသ တွေမှာလည်း နေဝင်ချိန်အလှကို အချိန်ရရင်ရသလို ခံစားမိတတ်ပါတယ်… ရွှေဝါရောင်၊ ပုဇွန်ဆီရောင်၊အနီရောင်ကနေ နီညိုလို့ မှောင်ရီသမ်းလာသည်အထိ အရောင်မျိုးစုံ ဖြစ်ပေါ်ပြောင်းလဲ သွားတာတွေကို ဘဝတစ်ခုလို ခံစားမိပါတယ်… ရွှေရောင်တောက်ပတဲ့ ဘဝလေးတွေ ကြာရှည်ချင်မိခဲ့တာပါ… … … တစ်ခါတစ်ရံမှာ ကြည့်မဝလွန်းလို့ အနောက်ဖက်ကိုဝင်ရောက်ပျောက်ကွယ်သွားတဲ့ နေမင်းကြီးနောက် ခဏလောက်လိုက်ကြည့်ချင်မိပါတယ်…ခဏလောက်များပြန်ထွက်လာပါလားလို့လဲ တောင်းဆိုမိပြန်ပါသေးတယ်… မဖြစ်နိုင်တာဘဲလို့ သိနေပေမယ့်လဲ…ရချင်ခဲ့တာပါဘဲ… … … အဲ့ဒီလို မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ အရာတွေကို ရရှိခဲ့တဲ့ […]