ကို ၿပံဳးMarch 24, 20133min3152
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]