naywoon niSeptember 21, 20111min612
မဆုံးတဲ့ ….သီချင်း –၃၁ ဒီလိုနဲ့ပဲ ပျော်ပျော်ပါးပါး မီးရထားကြီးစီးပြီး အိမ်ကိုပြန်ခဲ့ကြတာပေါ့…။ ကျောင်းအပိတ် ဟိုဟိုဒီဒီ လျှောက်သွားပြီး အိမ်ပြန်တဲ့ အဖွဲ့နဲ့ ရောယောင်ပြီး ခပ်တည်တည် ဘယ်သွားသလိုလိုလုပ်ပြီး အိမ်ပြန်လာခဲ့တာပေါ့…။ ရထားပေါ်မှာလား…။ မူးပြီး ဆိုကြ ကကြ ဆဲကြနဲ့ပေါ့….။ အိမ်ပြန်ရောက်တော့ နေဝန်းနီတို့ ဘယ်နေတတ်မှာလဲ..။ အရက်မှသောက်မရတော့တာ…။ လ္ဘက်ရည်ဆိုင်မှာပဲ. …. တစ်နေကုန်..။ အဲဒိတော့ နေဝန်းနီတို့မှာ အတတ်တစ်မျိုးတိုးခဲ့ရတာပေါ့…။ နေဝန်းနီတိုဆီမှာ သုံးလုံးက နဲနဲပါးပါး လှုပ်ရှားနေကြပြီ…။ အဲဒိထဲမှာ အထက်တန်းကျောင်းတုန်းကဆရာတွေ လည်းပါရဲ့…။ သူတို့က တွက်တာလေ…။ ထိုးသားပေါ့…။ ဒိုင်မလုပ်ရဲကြပါဘူး..။ ကျောင်းဆရာတွေကိုးးး…။ အဲဒိတော့ နေဝန်းနီတို့ခင်မြာမှာ ဆယ်တန်းမအောင်ခင်က ကျောင်းပညာဆည်းပူးခဲ့ရတဲ့ ဆရာများထံပါးမှာ ဆယ်တန်းအောင်ပြီးနောက်ပိုင်း ပထမနှစ်အပြီး ပြန်ရောက်ကာမှ သုံးလုံးတွက်တဲ့ပညာကို ဆက်လက် ဆည်းပူးခဲ့ရပြန်ပါရော့လား…။ နောက်မှ […]