naywoon niMarch 23, 20131min13212
အောင်မြတ်လေးးးးး ဟိုနဲ့က ရုတ်ရုတ် ဒီနားက ဆူဆူညံနဲ့ ကြားရနားဝက မသက်သာပါလား ဟရို့……….။ တစ်ခုက မှလည်း စိတ်ချမ်းသာစရာမတွေ့ရ တွေ့နေမြင်နေ ကြားနေရသမျှကတော့ တော်တော်လေး စိတ်ဆင်းရဲစရာကောင်းတော့တာပဲ….။ ပြဿနာစစ် အရင်းမြေက တဲ့ …..။ မျိုးစေ့မမှန် ပင်မသန် တဲ့….။ မျိုးစေ့မှန်တော့လည်း မြေမှမကောင်းရင် ဘယ်လိုလုပ် အပင်က သန်နိုင်မှာတဲ့လဲ …..။ ဒါဟာ တိုင်းပြည်ကို အမှောင်ချခဲ့တဲ့ အကျိုးဆက်တွေပေါ့….။ တစ်ဖက်နားဖောက် တစ်တစ်ဘက်မြင် ပြီးတော့ပညာရေးမှာလည်း လိုချင်သလောက်ပဲ တတ်အောင်သင်ပေးခဲ့တာရယ် မလိုချင်တဲ့သတင်းနဲ့နည်းပညာတွေ ပိတ်ပင်ခဲ့တာရယ် အားလုံး ဆိုးကျိုးတွေ တွေ့ရတော့တာပေါ့ ….။ ပြည်သူတော်တော်များများက အရင်က ဘာလုပ်ပိုင်ခွင့်မှမရဘူး အားလုံးအပိတ်ပင်ခံထားရတယ်….။ ဆင်းရဲတယ် ကျပ်တည်းစွာနေထိုင်စားသောက်ရတယ်…။ ပွင့်လင်းလာချိန်မှာ လုပ်ပိုင်ခွင့် အတန်အသင့်ပေးလာချိန်မှာ ဘာမှမလုပ်ကိုင်နိုင်ဘူး….။ လုပ်စရာအရင်းအနှီး အတတ်ပညာမရှိဘူး […]


naywoon niMarch 12, 20131min22315
အားလုံး နေဝန်းနီကို ခွင့်လွှတ်ကြပါ……။ အစက ဒီအကြောင်းအရာ ရေးဖို့မရည်ရွယ်ပါဘူး….။ အတွေးကိုမရှိခဲ့တာပါ…။ မနက်မိုးလင်းလို့ အိမ်အနီး အနားက ကလေးတွေ စာကျက်နေသံကြားတော့ အော်….. မနက်ဖြန် ဆယ်တန်းတွေစာမေးပွဲ ဖြေပြီပဲ လို့ အတွေးရောက်ပြီး စာကျက်နေတဲ့ ညီမလေး မင်း…. နောက်တစ်ရက်ဆို ဘဝရဲ့ တိုက်ပွဲတစ်ခု အဲဒိလို ဘာညာ ဘာညာ နဲ့ စာမေးပွဲအောင်မြင်စေကြောင်း ကဗျာလေးတစ်ပုဒ်ရေး ဖို့စိတ်ကူးနဲ့ပါ…။ အဲဒါလေးကို အတွေးနဲ့စာစီရင်း ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ “ တဂိုး” ရဲ့ ဝတ္ထု တစ်ပုဒ်က ခေါင်းထဲ မဖိတ်ခေါ်ပဲရောက်လာပြီး ရှေ့က အတွေးလေးတွေကို နောက်က လှိုင်းတစ်လုံး ဖုံးလိုက် သလို ဒီခေါင်းစဉ်ကို တပ်မိ ရက်သား ဖြစ်သွားတော့တာပဲ….။ “ တဂိုး” ရဲ့ […]


naywoon niAugust 29, 20121min16313
အဟင်း ….။ မရေးတော့ပါဘူးလေလို့ စဉ်းစားထားတာ သူရို့က လာလာ ဆွဆွ တော့လည်း စိတ်ကူးတွေက ကျိကျိ တက် ချမ်းသာသွားတာနဲ့ မနေနိုင်လို့ ရေးချလိုက်ပြီ…။ ဂွစာတို့က ပြောလိုက်ရင် အနှောင့်မလွတ် အသွားမလွတ်ဆိုတော့ မပြောဖြစ် မရေးဖြစ်အောင် ရွာထဲ မဝင်ပဲ လက်ရှောင်နေတာ…။ ငယ်ငယ်ကတည်းက တစ်ယောက်ယောက်ပြောလိုက်ရင် ဆန့်ကျင်ဘက် ပြန်ပြောလိုက်ရမှ ကျေနပ်တာ ဆိုတော့…….. ဗျာ…။ သတင်းစာ ဖတ်တတ်တဲ့ အရွယ်ကတဲက ကြော်ငြာ စာမျက်နှာမှာ ထည့်လိုက်ကြတဲ့ မွေးနေ့ တစ်ရက်လေးမှ မနားကြဘူး…။ ခုလည်း အင်တာနက် စာမျက်နှာပေါ်မှာတောင်မှ မွေးနေ့ပွဲကျင်းပနေလိုက်ကြသေး…..။ အဲဒိတော့ ကျုပ်လည်းပြောရဦးမယ်…။ ကျုပ်မွေးနေ့အကြောင်း…..။ ကျုပ်လည်း လူပဲဗျ…။ မွေးနေ့ ဆိုတာရှိပေါ့…။ ဒါပေမဲ့ ငယ်ငယ်လေးထဲက အစွဲတစ်ခု ခုထိ မကျွတ်သေးလို့ […]


naywoon niOctober 21, 20111min895
နောက်ဆုံးကျန်တာကတော့ အိမ်ရှင်လင်မယားရဲ့ မိဘတွေပဲ…။ သူတို့က အိမ်အပေါ်ထပ် အိမ်ဦးခန်းမှာ မျက်နှာချင်းဆိုင် နှစ်ခန်းယူထားတာ…။ ကြားထဲမှာ ဘုရားခန်း ရှိတယ်..။ အဲအိမ်နောက်ခန်းမှာတော့ ညီအမ သုံးယောက်အိပ်တယ်…။ ထမင်းချက်တဲ့ ကောင်မလေးရယ်….. ချဲရောင်းတဲ့ ကောင်မလေးရယ်… . ဈေးဆိုင်မှာ အလုပ်လုပ်တဲ့ကောင်မလေးရယ်လေ………။ သူတို့က နေ့ခင်းဆို အိမ်ပေါ်မှာ တက်တာမဟုတ်ဘူး….။ ထမင်းချက်တဲ့ ကောင်မလေးကလည်း တစ်နေကုန်အောက်မှာပဲ ချက်ပြုတ်လျော်ဖွတ်နဲ့…။ အဲ….သူတို့အခန်းနဲ့ မျက်နှာချင်းဆိုင်မှာ အိမ်ရှင်လင်မယား ရဲ့အခန်းရှိတယ်…။ သူတို့လည်း မနက်လင်းကတည်းက ထွက်သွားလိုက်တာ ညမိုးချုပ်မှ ပြန်ရောက်တာများတယ်…။ ကျောင်းသားနှစ်ယောက်ကတော့ အရက်သမားနဲ့ ကပ်ရက် အောက်ထပ်က အခန်းထဲမှာ အိပ်စေတယ်…။ ငယ်သေးလို့ သူတို့ အတွက် သီးခြားအခန်းကန့်မပေးသေးဘူးတဲ့…။ အဲဒိတော့ အိမ်ကြီးပေါ်မှာ အဘိုးကြီးနှစ်ယောက်နဲ့ အဘွားကြီးနှစ်ယောက်ပဲ ရှိနေတတ်တာများတယ်……။ အိမ်အပေါ်ထပ်မှာ သူတို့ […]