naywoon niJanuary 16, 20121min22415
တစ်ရက်က သူငယ်ချင်းတစ်ယောက်က ခေါ်လို့ လ္ဘက်ရည်ဆိုင်ကို အင်တာနက်ဆိုင်က နေထလိုက်သွားတယ်….။ ဟိုရောက်တော့ ဘောလုံးပွဲနဲ့ တိုးနေတယ်…။ နေရာတောင်မရချင်ဘူး…။ ဘာပွဲလဲလို့ မေးကြည့်တော့ “ မန်”ပွဲတဲ့….။ နေဝန်းနီတို့ ရောက်သွားတော့ ဒုတိယပိုင်းတောင်ရောက်နေပြီ…။ မန်နဲ့ ဘော်တန် …။ မန်ကချည့်ဖိပြီးကစားနေတာ ……။ ဘောလုံးပွဲမကြည့်ဖြစ်တာကြာလို့လားမသိဘူး….။ ကစားပွဲက လိုအပ်တာထက်မြန်လွန်းနေသလိုပဲ…။ မြန်ရုံတင်မဟုတ်ဘူး အပေးအယူ အချိတ်အဆက်ကလည်း တိကျလွန်းနေတော့ ပွဲက ကြည့်ကောင်းနေတာပေါ့…။ ဘော်လ်တန်က လည်း အသေအလဲ ခုခံကာကွယ်လို့….။ ဒါပေမဲ့ တစ်ချက်ဟသွားလိုက်တာနဲ့ သွားပြီး တစ်ဂိုးပဲ…။ ဘောလုံးသမားနာမယ်တွေ မသိပါဘူး…။ ကြည့်နေ ကျ မှမဟုတ်တာကို…။ ဒါပေမဲ့ သူတို့ ဘောလုံးပွဲကိုကြည့်နေရင်းနဲ့ ခေါင်းထဲအတွေးတစ်ခုဝင်လာခဲ့ပေါ့….။ တစ်ကယ်တော့ ဒီလိုပွဲတွေဟာ နေဝန်းနီ နားလည်သလိုပြောရရင် မြို့နယ်ပွဲတွေပါ…။ သူတို့ ဆီကမြို့နယ်ပွဲတွေပေါ့….။ […]


naywoon niJune 6, 20111min1085
ခါတိုင်းလိုပဲ…. မြင်တွေ့နေကြ အရာတွေ ကြားနေကျ စကားလုံးတွေ ပြောနေကျ လေသံတွေဟာဖြင့် အာရုံခံစားမှု အတုတွေနဲ့ရောပြွန်း အစစ်အမှန် ဘယ်ဟာဖြစ်မလဲဆိုတာကို ဆန်းစစ်ဖို့ ကြောက်ကြောက်နေမိတော့……။ ရှုရှိုက်နေကျ လေထုတောင်မှ အစစ် အမှန်သေချာရဲ့လား (မတွေးရဲတော့ဘူး)….။ ငါ့ကိုယ်ငါကကော မုသာဝါဒနိုင်ငံ ထဲက လူသားအတုလေးလား (ဝေခွဲမရနိုင်ခဲ့ဘူး..။ )….။ ငါ့ရင်ခုန်းသံကကော ပလပ်စတစ် နှလုံးအတုရဲ့ ခုန်နေတာလား (မသေချာပြန်ဘူး…။)…။ ဒီလောကကြီးထဲမှာ ဘယ်အရာက သရုပ်မှန်ဖြစ်မလဲ ဘယ်အရာက ဖြစ်တည်မှု မှန်သလဲ အနှစ်မပါတဲ့ လောကကြီးထဲမှာ လောဘ ဒေါသ မောဟ တွေ ဗုံပေါလဟောနဲ့ဖြတ်သန်း ပန်းတိုင်မဲ့ ပြေးလမ်းတွေပေါ်မှာ ငါ့တို့.. ဆောက်တည်ရာမဲ့ ပြေးလွှားနေမိပါပကောလား…။ နေဝန်းနီ


naywoon niMay 30, 20111min1295
တံတိုင်းတွေပြိုလဲ ဝင်းဒိုးတွေပွင့် ဒေါ့ကွမ်းတွေပေါက်ကွဲနဲ့ ကမ္ဘာကြီးက တစ်ဖြေးဖြေးပြားချပ်နေပြီး အသေးဆုံးထိကြုံ့ဝင်နေပြီတဲ့……။ ဒီနေ့ ငါ့ကမ္ဘာကတော့ ကွန်နက်ရှင်တက်လိုက်ကျလိုက်နဲ့ ကြုံ့ဝင်သွားလိုက်ပြန်ပွလာလိုက် ပြားချပ်သွားလိုက်ပြန်လုံးလိုက်နဲ့ ဇိမ်းဆတ်ဆတ်ကမ္ဘာမြေဖြစ်လို့……..။ နေဝန်းနီ ဆရာကျော်ဝင်းရဲ့ “ကမ္ဘာပြားပြီ “ကို ပြန်လည်ဖတ်မိပြီး ဒီကဗျာလေးရေးဖြစ်သွားတာပါ


naywoon niApril 13, 20111min1056
မနုသတ္တ ဒုလ္လဘတဲ့ အဲဒါဆိုရင် မောင်ချောနွယ်နွယ်လည်း ဒုလ္လဘ တစ်ခုနဲ့ပဲတဲ့..။ ဟုတ်ပါ့ …ဆရာချောရေ လူမှာလည်း ဒုလ္လဘနဲ့ နွားမှာလည်း ဒုလ္လဘနဲ့ ငါးမှလည်းဒုလ္လဘနဲ့ပေါ့လေ….။ နှစ်ဆန်းတစ်ရက်နေ့မှာ ငါးသက်စေ့လွှတ်မယ်ဆိုတဲ့ ထင်ပေါ်ချင်တဲ့အတွေးနဲ့ ရေထဲက ငါးတွေ ဖမ်းဖမ်းနေကြတာ တရားမလွန်ဘူးလားဗျာ..။ ပြီးတော့…. ရေထဲကငါးကိုဖမ်းပြီး ရေထဲပြန်လွှတ်နဲ့ ပြန်မလွှတ်ခင်စပ်ကြားမှာ ဈာန်လျောကုန်ရတဲ့ငါးတွေ….ငါးတွေ ကုသိုလ် တစ်ပဲ ငရဲ တစ်ပိဿာဆိုတာ ဒါမျိုးလားဗျာ စဉ်းစားကြည့်ကြပါဦး…။ ဒီလို ဓလေ့ စရိုက်ဆိုးကို ရိုက်ပုတ်လို့ နှင်ထုတ်သင့်ပြီ…။ နေဝန်းနီ