naywoon niJanuary 24, 20121min21318
တစ်နေ့က ဗစ်တာစိုးမိုးရဲ့ စာအုပ်အငှားဆိုင်လေးမှာ ဂျာနယ်လေးတွေဖတ်ရင်း နေဝန်းနီတို့ထုံးစံအတိုင်း ဘကုန်းသုံးလုံးလုပ်ပြီး လေကန်နေမိတယ်….။ ဘကုန်းသုံးလုံးဆိုတာက နေဝန်းနီတို့အရပ်ဘက်က အသုဘအိမ်ကနေ စပြောမှဇာတ်ရည်လည်မယ်…။ နေဝန်းနီတို့ အရပ်က အသုဘအိမ်မှာ ညလူစောင့်အိပ်ဖို့ တစ်ညလုံးပေါက် ဖဲဝိုင်းခံလေ့ရှိပါတယ်….။ ဖဲရိုက်ဖို့ ဝါသနာပါတဲ့သူတွေက ဘယ်နေ့ ဘယ်သူ့အသုဘရှိတယ် စနည်းနာပြီး လိုက်လံကစားလေ့ရှိပါတယ်…။ တစ်ချို့လည်း တစ်ကယ်ဖဲရိုက်မဲ့သူနဲ့ အဖော်လိုက်လာပြီး ဖဲမီးလှုံတာပါ…။ ဘေးကနေ အားပေးတယ်ပေါ့…..။ ရှေ့ကရိုက်တဲ့သူ ဖဲသေသွားရင် သူကအစားဝင်ပြီး ကစားပေးတတ်တယ်…။ သူကဖဲရိုက်ဖို့ဝါသနာပါတယ်…။ ပိုက်ဆံမရှိဘူး…။ ဆိုတဲ့ ဝါသနာရှင်ပေါ့လေ…။ တစ်ခါတစ်လေ ရှေ့က ကစားတဲ့သူကနိုင်ရင် သူ့ကိုမုန့်ဖိုးပေးတတ်ပါတယ်..။ အဲဒိပိုက်ဆံလေးနဲ့ သူက နောက်တစ်ဝိုင်းကစားဖို့ လူစုဖန်တီးပေးလိုက်ပါတယ်…။ သူများပေးတဲ့မုန့်ဖိုးပဲဖိုးနဲ့ ကစားမယ်ပေါ့လေ…။ အသုဘဝိုင်းဆိုတာက တရားဝင်ခွင့်ပြုထားတာတော့ မဟုတ်ဘူး..။ ဒါပေမဲ့ အရပ်ထုံးစံဖြစ်နေတော့ မသိချင်ယောင်ဆောင်နေကြတာများပါတယ်..။ ပြဿနာတော့ မဖြစ်စေနဲ့ပေါ့လေ…..။ […]