naywoon niApril 30, 20121min3217
နာတာအောင့်ခံရင်း မျက်နှာသစ်…။ အိမ်နားက ညီလေးက လှမ်းမေးတယ်..။ ဒီလိုအောင့်နေတာလို့ ပြောလိုက်တော့ “ ဒေါက်တာကြီးဆီ သွားကြည့်ပါလား” တဲ့ ဒေါကတာကြီး ဆိုတာက တစ်ချိန်က ဆေးရုံမှာ ဆေးရုံ အုပ်လုပ်သွားခဲ့သူပေပဲ..။ သူလည်း မြို့တောင်စ မှာဆေးခန်းဖွင့်ထားတယ်…။ ခွေးတွေ မွေးထားပြီး အရမ်းဆိုးလို့ ညဘက် ဘယ်သူမှမသွားရဲကြဘူး…။ ဒါနဲ့ မျက်နှာသစ်ပြီးတော့ အိမ်ရှေ့ထွက် ဆိုက်ကား တစ်စီးတစ်လေ များဖြတ်သွားမလားကြည့်တယ်…။ ကုန်တွေ လူတင် ထားတဲ့ဆိုက်ကားတွေပဲတွေ့တယ်..။ အောင့်တာက တင်းတင်းကြီးဖြစ်နေတယ်..။ လမ်းလျှောက်လို့ မကောင်းဘူး…။ မြန်မြန် လျှောက်ရင် မီးစနဲ့ ထိုးထားသလားအောင့်မေ့ရအောင် ပူလာတယ်…။ ဒါပေမဲ့ ဆိုက်ကားမှမတွေ့တာ …။ ဆိုက်ကားတွေ့မဲ့လမ်းဆုံရောက်အောင်တော့ ဖြေးဖြေးချင်းလျျောက်သွားရမှာပဲ……။ လမ်းဆုံရောက်တော့လည်းမတွေ့ဘူး……။ ခပ်လှမ်းလှမ်းမှာ ဆိုက်ကားဂိတ် တစ်ခုရှိတယ်…။ တစ်ပြ နီးပါးလောက်သွားမှရောက်မှာ ဆိုတော့ […]


naywoon niApril 28, 20121min886
တီဗွီကြည့်နေရင်းနဲ့ ဆီးသွားချင်လာလို့ ထပြေးရတယ်…။ အိုး…… နာလာပြန်ပြီ…။အောင့်တာအရမ်း… ဟင်းးးး ဆီးသွားပြီးတော့ ဆေးယူသောက်ကြည့်လိုက်တယ်…။ ဆေးဖြူဖြူအမှုန့်လေးတွေ ဇွန်းနဲ့ ခပ်ကော်ပြီးလက်ဖဝါးပေါ်တင် ဆေးကနှစ်မျိုးဆိုတော့နှစ်ဇွန်း ပါးစက်ထဲပက်ထည့်လိုက်…။ ဟိုက်………… အတော်ခါးတဲ့ဆေး…။ အဟုတ်..။ ဗမာဆေးထဲမှာ ချိုတဲ့ဆေးမတွေ့ဖူးသေး…။ စောစောက သကြားနဲ့ လ္ဘက်ခြောက်ရေစိမ်ထားတာ ယူမော့ချလိုက်တယ်…။ သူ့ကျတော့ ဖန်ချိုချိုလေး…။ သကြားတွေ စွတ်ထည့်ထားတာကိုး….။ ပြီးတော့ ရေပြန်စွက်ထားလိုက်ရသေးတယ်….။ နောက်တစ်ခါပြန်သောက်ရင် အဆင်သင့် ဖြစ်အောင်လို့လေ…။ ဆေးက တစ်နာရီ ကြားတစ်ခါသောက်ရမယ်ဆိုတော့……….။ ဆေးခါးတာလေးသက်သာအောင် သကြားတစ်ဇွန်းလောက်ထပ်ထည့်ပြီးမွှေထားလိုက်တယ်လေ….။ မှတ်ကရော…….။ ဆေးသောက်ပြီး သိပ်မကြာပြန်ဘူး…။ ထပ်ပြီးဆီးသွားချင်ပြန်ပြီ…။ ဆီးသွားချင်ရင်အောင့်ထားလို့မရဘူး…။ ချက်ချင်းသွားရမှ….။ အောင့်နေတဲ့နေရာရဲ့ အထက်နားမှာ ဆီးကျလာတာ ခံစားမိပြီး ယားလာသလို မနေနိုင်ဘူး…။ ဒီတစ်ခါ ဗိုက်ထဲကပါ သရိုးသရီ ဖြစ်လာတယ်…။ အိမ်သာတက်ရမှာကြောက်ပါတယ်ဆိုကာမှ… ။ ကဲပါလေ…။ […]


naywoon niApril 24, 20121min1775
ဆေးခန်းရှေ့ ပြန်ရောက်တော့ ဆရာဝန်က ကျောက်ကပ် ကျောက်တည်တာ ဖြစ်ကြောင်း ဆီလမ်းကြောင်းမှာ ကျောက်က ခံနေတာဖြစ်နိုင်ကြောင်း ဆီးကြိတ်ရောင်နေတာလည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်…။ ဒါနဲ့ နေဝန်းနီကလည်း ဆီးသွားမှနာနေတာ ကျန်တဲ့ အချိန်တွေ မှာ မနာကြောင်းပြောတော့ ဆရာဝန်က ကျင်ချောင်း ကိုပြခိုင်းပါတယ်…။ ဟုတ်တယ်..။ ခုမှရှက်နေလို့ကော ဘာထူးမှာလည်း …။ ဆီသွားတိုင်းမခံ မရပ်နိုင်အောင်နာကျင်မှုက အရှက်အကြောက်ဆိုတာကို ဖုံးလွှမ်းသွားခဲ့ပြီပဲ…။ မနက်ကလိုပဲ လက်အိတ်ပြန်စွပ်တယ်…။ ဘယ်နေရာလောက်က အောင့် တာလဲတဲ့…။ လက်နဲ့ ထောက်ပြတော့…… နံရံမှာ ချိတ်ထားတဲ့ ကပ်ကျေးလိုလို သံချောင်းလိုလို တစ်ခုကို ဆွဲယူလိုက်ပါတယ်…။ ဆေးဗူးတစ်ခုထဲက ဆေးရည်ပျစ်ချွဲချွဲ တစ်ချို့ကို ညှစ်ယူလိုက်ပြီး စောစောက တုတ်တန်ပေါ်ကို သုတ်လိမ်းလိုက်ပါတယ်…။ ပြီးတော့ ကျင်ချောင်းထဲက ပူကနဲခဲစားလိုက်ရပါတယ်…။ နာတော့ သိပ်မနာပါဘူး…။ […]


naywoon niApril 23, 20121min2017
နေကတစ်အားပူ………။ ဓါတ်မှန်ရိုက်ဖို့ ကိုယ့် အလှည့်ကမရောက်သေး…။ အာခေါင်တွေ ခြောက်လာတာနဲ့ ရေနည်းနည်း ယူသောက်လိုက်မိသေးတယ်…။ ခံတွင်းကလည်းချဉ်လာတယ်…။ အဲဒါနဲ့ အပြင်ပြန်ထွက်ပြီး ဆေးလိပ် ထွက်ဖွာတယ်…။ အဲဒိအချိန်မှာပဲ ပထမ ဆုံးဝင်သွားတဲ့လူနာ ထွက်လာတယ်…။ အကူကောင်မလေးက ခဏစောင့်ပြီး ဓါတ်မှန်ယူသွားပါလို့ ပြောသံကြားလိုက်ရတယ်….။ ဒုတိယလူနာဝင်သွားတယ်…။ နေဝန်းနီလည်း ရေတစ်ငုံသောက်ပြီး ဓါတ်မှန်ခန်းဖွင့်ထားတဲ့ အဆောက်အဦးပေါ်ပြန်တက်လာတယ်…။ ဒီလိုနဲ့ တစ်ယောက်ဝင်သွားလိုက် တစ်ယောက်ထွက်လာလိုက်နဲ့ လေးနာရီ ထိုးခါနီး ရောက်လာတယ်…။ အကူကောင်မလေးက ဒီတစ်ယောက်ပြီးရင်ရပြီလို့ လာပြောတယ်…။ သူလာပြောပြီးမှပဲ ဗိုက်မအောင့်ပဲ နောက်ကျောတွေတက်လာတယ်…။ လက်ကိုနောက်ပစ်ပြီး ထောက်ထားရတယ်…။ အဲဒိလိုနောက်ပစ်ပြီးထောက်ထား ရင်းနဲ့ လမ်းလျှောက် နေလိုက်တော့ လေချဉ်လေးဂေ့ကနဲ ဂေ့ကနဲ တက်လာတယ်…။ ဗိုက်ထဲမှာလည်း အောင့်သာမအောင့်တယ်.. အီလည်လည်နဲ့ ေတော်တော်နေရဆိုးတာပဲ…။ ဆယ်မိနစ်လောက်နေတော့ နေဝန်းနီရှေ့က လူနာထွက်လာတယ်…။ ခဏနေတော့ […]


naywoon niApril 21, 20121min824
အဲဒါနဲ့ပဲ နေဝန်းနီလည်း စက်ဘီးစီးပြီး အိမ်ဘက်ပြန်လာခဲ့တယ်….။ သောက်နေကျ လ္ဘက်ရည်ဆိုင်ရှေ့ရောက်တော့ ခံတွင်းက ချဉ်လာတယ်…။ လ္ဘက်ရည်ဆိုင်ထဲ ဝင်ခဲ့မိတယ်…။ ဆိုင်ထဲရောက်တော့ သူငယ်ချင်းတစ်ယောက်နဲ့ တွေ့တာနဲ့ သူနဲ့ဝင်ထိုင်ဖြစ်တယ်…။ သူငယ်ချင်းသာပြောတာပါ အသက်က နေဝန်းနီထက်ငယ်ပါတယ်…။ ဒါပေမယ့် အတွေးအခေါ် အယူအဆချင်းကျတော့ နီးစပ်တော့ သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါ့လေ……….။ လ္ဘက်ရည်ဆိုင်မှာ သူငယ်ချင်းနဲ့တွေ့တော့ စကားပြောရင်းနောက်သလိုလို ပြောင်သလိုလိုနဲ့ …… “ ဒေါက်တာမောင်မောင်တို့ သဘောကောင်းလိုက်ချက်ကတော့ ဆီးအောင့်လို့နာတယ်ဆိုတာနဲ့ ဆေးနှစ်လုံးထိုးပေးလိုက်တယ်…။ ဆေးကတ်နှစ်ကတ်လည်းပေးလိုက်သေးတယ်…။ သုံးထောင့်ငါးရာပဲကျတယ်…။ မင်းတို့ အထူးကုဆေးခန်းမှာဆို စမ်းသပ်ခပဲရှိသးတယ်…။ ဆေးဖိုးမပါသေးဘူး…။ သိလား ပြီးတော့ မသက်သာရင်ပြန်လာခဲ့လို့လည်းမှာလိုက်သေးတယ်…။” လို့ပြောတော့ “ကိုနေရေ့….။ အဲဒါ ချူတာဗျ….။ မှတ်ထား နောက်တစ်ခေါက်ပြန်သွားရင် တစ်သောင်းကျော်မကုန်တော့ ပြောချင်တိုင်းပြော သိလား…။ နောက်တစ်ခေါက်ပြန်သွားတာနဲ့ မသက်သာဘူးဆိုတာ ပေါ်လွင်နေပြီ….။ ခု […]


naywoon niApril 20, 20121min893
ဆေးခန်းသွားမယ်ဆိုတော့ ဆေးရုံဆေးခန်းနဲ့ အထိအတွေ့နည်းတဲ့ နေဝန်းနီ ဘယ်ကိုသွားရမယ်မသိဘူး….။ တစ်ညလုံး အိပ်ရေးပျက်ထားတာကြောင့် ဘယ်သူနဲ့မှလည်းမတွေ့ချင် စကားလည်းမပြောချင်လောက်အောင်နှုံးချိနေတယ်…။ နေဝန်းနီ သိထားသလောက်ဆေးခန်းတွေအကြောင်းကတော့ နေပြည်တော် ဆေးရုံကြီးကအထူးကုတွေလာထိုင်တဲ့ အထူးကုဆေးခန်းကြီး က နေရာသုံးခုခွဲပြီး ရှိနေပါတယ်…။ မိန်းလမ်းပေါ်မှာပဲ မြို့တောင်စမှာတစ်ခု မြို့လယ်ခေါင်မှာတစ်ခု မြောက်ဘက်ပိုင်းမှာတစ်ခု ဆေးခန်းပိုင်ရှင်ကတော့ တစ်ဦးထဲပါ…။ လူနာတွေ သွားရလာရလွယ်ကူအောင်နေရာ တွေ ခွဲပေးထားတယ်နဲ့တူရဲ့…။ ဆေးေတွေကလည်း ပါရဂူ ကိုင်တဲ့ဆေးတွေဆိုတော့ ပြင်းလည်းပြင်း ဈေးလည်းကြီးပါတယ်…။ အထူးပြောစရာကတော့ စမ်းသပ်ခပါပဲ…။ သူတို့ဆီကတောင်းတဲ့စမ်းသပ်ခက သာမာန် အထွေထွေ ရောဂါကု ဆေးခန်းမှာဆိုရင် ထိုးဆေးကောသောက်ဆေးကောအတွက် ပြီးပါတယ်….။ ဆိုတော့ကာ ကိုယ်တတ်နိုင်ရာကိုပဲ ကိုယ်သွားရပေမပေါ့….။ ဒီတော့ ဘယ်ဆေးခန်းသွားမလဲ…။ ဒါမှမဟုတ် တိုင်းရင်းဆေးခန်းပဲသွားပြမလား ….။ နေဝန်းနီနဲ့ အတော်ရင်းနှီးနေတဲ့ တိုင်းရင်းဆေးခန်းတစ်ခုရှိတယ်…။ နေဝန်းနီ ပြန်လာကာစက ငှက်ဖျားရောဂါကို […]


naywoon niApril 19, 20121min974
အင်း ပြောရင်းနဲ့ စကားလမ်းကြောင်းက စောင်းသွားပြန်ပြီ…။ သောက်နေကျ ဆေးလေးသောက်ပြီး အသာပြန်မှိန်းနေလိုက်တယ်….။ ဗိုက်အောင့်တာက မသက်သာဘူး ဒါကြောင့် သက်သာလိုသက်သာငြား အိမ်မှာရှိတဲ့ မုန့်လေးတစ်ခုကောက်ဝါးလိုက်တယ်…။ ပြီးတော့ရေသောက် အဲ…. ရေသောက်ပြီးတော့ ရှူးရှူးပေါက်ပေါ့….။ အဲဒါက နေဝန်းနီရဲ့ အကျင့်ပဲ…။ ဘယ်အချိန်အပြင်ကပြန်လာလာ ရှူးရှူး တန်းပေါက်တာ …။ အဲ ည အိပ်ယာဝင်ချိန်ဖြစ်ဖြစ် တစ်ရေးနိုးဖြစ်ဖြစ် ရေထသောက်ပြီးရင်လည်း ပေါက်ရမှ ဆိုတော့ ထုံးစံလိုဖြစ်နေပါပြီ…..။ အဲဒိမှာပြဿနာက စတော့တာပဲ….။ ဗိုက်အောင့်နေရာက ဆီးပါအောင့်လာတယ်…။ ရေသောက်ပြီး ရေအိမ်ဘက်အသွား ကျင်ချောင်းထဲကို ဆီးကျသလိုခံစားရပြီး ထိပ်နားဆီက အောင့်လာတာပါ…။ အောင့်နေတဲ့ အထက်နားဆီက ဆီးပြည့်လျှံလာသလိုခံစားရပြီး အပြင်းအထန်းဆီးသွားချင်လာတယ်…။ အဲဒါနဲ့ ရေအိမ်ဘေးဘက်မှာ ဆီးသွားဖို့လုပ်တော့ အောင့်နေတဲ့နေရာက တစ်ဆို့ဆို့နဲ့ နာလာတယ်…။ အဲဒါနဲ့ ဆီးကို ဇွတ်အတင်းညှစ် […]


naywoon niApril 18, 20121min16111
ခေါင်းစဉ်ကြည့်ပြီး တစ်လွဲတော့ မတွေးနဲ့ဗျာ…..။ ဒီရွာထဲမှာလည်း ယမကာချစ်သူကများတော့ တော်ကြာ သင်္ကြန်တွင်း ပါဆယ်ဆွဲပြီး ခွက်ပုန်းကစ်တဲ့ အကြောင်းပြောတာထင်နေမှာစိုးရသေးရဲ့….။ အဖြစ်က ဘယ်နှစ်ကနဲ့မှမတူ ပြောတောင်မပြောချင်ပါဘူး…..။ ဟီးးး ရှက်စရာကြီး …။ ဒါပေမဲ့ သိထားရအောင်တော့ ပြောရမှာပဲ ယမကာချစ်သူတို့ရေ…..။ ဖြစ်ပုံက ဒီလိုပါ……….။ အဲသည့်နေ့က ဧပြီ ၄ ရက်မှတ်တယ်….။ အင်တာနက်ဆိုင်ကနေ ညအိမ်ပြန်သွားတော့ ဗိုက်ကအောင့်လာတယ်…။ ဒါနဲ့ သောက်နေကျ ဆေးလေးသောက်လိုက်….။ သောက်နေကျဆေးဆိုတာက ဆေးရောင်းတဲ့သူငယ်ချင်းက ဗိုက်တယ်ပြောလွန်းလို့ ပေးထားတာပါ…..။ အရင်ကတော့ ဆေးသောက်ပြီး တစ်မိနစ်လောက်ဆိုရင် သက်သာတယ်….။ ဝါးစားရတဲ့ အစာကျေဆေးပြားလည်း ပါတော့ စားပြိးရင် လေချဉ်လေ ဂေ့ ဆိုတက်လာပြီး သက်သာသွားတာများပါတယ်…။ ပြီးတော့ ဆေးတောင့်လည်းပါသေးတယ်…။ အဖြူတစ်ခြမ်း ပန်းေရောင်းတစ်ခြမ်းနဲ့ အထဲက သကြားခဲလို အလုံးလေးတွေ […]