Paing LayJuly 29, 20141min18512
ကျွန်တော် မိုးလင်းကနေ မိုးချုပ် တစ်နေ့တာအတွင်းမှာ တွေ့ရတဲ့ ယောင်တတ်သူတွေ အကြောင်းပါ။   မနက် ကျွန်တော် ဈေးဆိုင်စခင်းတော့ ဆိုင်ကပစ္စည်းတွေ မလာတဲ့အချိန် ခပ်ဝဝ အဒေါ်တစ်ယောက်ကို ဝင်တိုက်မိမလိုဖြစ်သွားတဲ့အချိန်မှာ “အောင်မလေး အနိစ္စ၊ဒုက္ခ၊ အနတ္တ” ရုတ်တရက် လန့်သွားပေမယ့်လည်း မင်္ဂလာရှိတယ်လို့ မှတ်ယူလိုက်ပြီး ပြုံးလိုက်ပါတယ်။ မနက်စာ ဗိုက်ဖြည့်ဖို့ လက်ဖက်ရည်ဆိုင်သွားရင်း နဲ့ ဦးလေးတစ်ယောက်နဲ့ အန်တီကြီးတစ်ယောက်က ၂ယောက်သားပစ္စည်းတွေ မနိုင့်တစ်နိုင်သယ်ရင်း ချော်လဲမလိုဖြစ်တော့ သူတို့ယုံကြည်ရာဘုရားသခင်အသီးသီးကို တတော်မူလိုက်ကြတယ်။ ကျွန်တော်လည်း ရယ်ခိုးလိုက်တယ်ပေါ့ဗျာ။ ဟဲဟဲ။   ဗိုက်ဖြည့်ပြီး အပြန်ဆိုင်ပြန်ရောက်တော့ အမေက ညီလေးအတွက် ဘောင်းဘီတိုတွေ ချုပ်ရိုးလိုက်ထားတာ သွားရွေးပေးဦးဆိုတာနဲ့ အဲဒီဆိုင်ကို ဒိုးရပါရော။ ဆိုင်ရောက်တော့ အန်တီ(အန်တီသာဆိုတယ် တကယ့် ၂ဝကျော်အရွယ်တွေလိုနုတုန်း) သူ့ဘော်ဘော်တွေနဲ့ စကားကောင်းနေတုန်း ကျွန်တော်ခေါ်တာမကြားတော့ […]