ကျွန်ုပ် ငအံနှင့် မောင်ခိုင်မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြလေသည်။ ကျွန်ုပ်တို့မှာ ငယ်စဉ် ကလေးဘဝ နှပ်ချေးတွဲလောင်း ကတည်းက အတူတူ ကစားခဲ့ကြသူများ ဖြစ်၏။ အရပ်စကားနှင့် ပြောရပါလျှင် ဂေါ်လီရိုက်ဖက်၊ ညော့ကွင်းထုဖက် ဟူ၍ ဆိုရပေမည်။ ကျွန်ုပ်တို့ စာသင် အရွယ် ရောက်သောအခါတွင်လည်း ဘုန်းတော်ကြီး ဦးအိပ် ထံတွင် အတူတကွ စာပေ သင်ကြားခဲ့လေသည်။ မောင်ခိုင်မှာ အလွန် ခေါင်းမာသူ တစ်ဦး ဖြစ်သည့်အပြင်၊ အငြင်းသန်သူ တစ်ဦးလည်း ဖြစ်လေသည်။ ၎င်းသည် ၎င်းခံယူထားသော အယူအဆဘက်မှ ရပ်တည်၍ မနိုင်နိုင်အောင် ငြင်းဆိုတတ်သဖြင့် ၎င်းအား ကျွန်ုပ်အပါအဝင် ဦးအိပ် ကျောင်းမှ ကျောင်းသားများက ငငြင်း ဟူ၍ အမည်ပြောင် ခေါ်တွင် ခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် ဤသို့ […]