ကျနော်တို့ ပြောလေ့ ပြောထ ရှိတဲ့ စကားတစ်ခုရှိတယ်လေဗျာ လူလူချင်း ကို အဆင့်အတန်း မခွဲခြား ပါ နဲ့ ဆိုတဲ့ စကားပေါ့။ ပြောချင်တာကတော့ လူတွေကို ဆင်းရဲ ချမ်းသာ ဂုဏ်ရှိ ဂုဏ်မဲ့ ဆိုပြီး မခွဲခြား ကြပါနဲ့ တန်းတူရည်တူ ဆက်ဆံပါ ပေါ့လေ။ ဒါပေမယ့်………… ခွဲခြားသင့်တဲ့ နေရာ တွေ တော့ ခွဲခြား ရမယ်လို ဖြစ်လာပါရောလားဗျ။ ငွေတွေ ဂုဏ်တွေ ရာထူးတွေနဲ့ ခွဲခြားတာကို ပြောတာ မဟုတ်ပါဘူးဗျာ။ အကျင့်စာရိတ္တ ပတ်ဝန်းကျင် အနေအထိုင် အပြောအဆို စသဖြင့်ပေါ့။ ကျနော် အခု သောင်တင် နေတဲ့ ကျွန်းပေါက်စကွေးလေးမှာက ကိုယ့် မြန်တျန့် တွေ က တယ်များလာသကိုး ဒီတော့ ကိုယ့်လူတွေထဲမှာ ကြားနေရ မြင်နေရတဲ့ အသံလေးတွေ ပြဿနာလေးတွေ ကနေ တွေးမိလာလို့ပါ။ ဒီမှာ မြန်မာ့ရိုးရာ ပွဲတော်တွေ လုပ်ရင် မြန်မာပြည်က အဆိုတော်တွေ စတိတ်ရှိုးပွဲတွေ လာဆိုတာမျိုးတွေ ရှိရင် လူတွေက တော်တော် […]