သို့ အယ်ဒီတာ တောသူတောင်သားတွေ၏ အသိဉာဏ်၊ အတွေးအခေါ်အမြင် နည်းပါးမှုကြောင့်လား၊ ဒါမှမဟုတ် စိတ်မဝင်စားတာလား၊ ဒါမှမဟုတ် သူတို့ခံစားလာရသမျှကို ပြောဆိုကြတာလား ဆိုတာတော့ ကျွန်မမဝေခွဲနိုင်ပါ။ သိတတ်စအရွယ်ကတည်းက ခုချိန်ထိ အမြဲ ကြားနေရတဲ့ “ဘယ်သူတွေ ဘယ်လိုပြောင်းလဲနေပါစေ ဆင်းရဲသား ဟာ ဆင်းရဲသားပဲ” တဲ့။ အခုချိန်ထိတော့ အစဉ်အဆက် ကြားနေခဲ့ရ သော အဲဒီစကားသံတွေက မှန်သလိုလို၊ မှားသလိုလိုနဲ့ ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါဘူး။ နားလည်လာအောင်လည်း အချိန်တွေ နှစ်တွေ အများကြီးလိုအပ်နေမှာပါ။ အချိန်တွေလည်း စောင့်ရဦးမှာပါ။ ငယ်သေးတော့ နှစ်အတိအကျ မမှတ်မိတော့ပါဘူး။ ဝါ လာအပ်တဲ့ တောင်သူတွေဆိုရင် ဝါဒိုင်တွေက ဆပ်ပြာခဲ၊ သကြား ပိတ်စတွေ ထုတ်ပေးကြတယ်။ အဲဒီအချိန်တုန်းက တောင်သူတွေ ဝါတွေအများကြီး ထုတ်လုပ်နိုင်တဲ့အပြင် ပဲစိင်းငုံ၊ နေကြာ၊ […]


မြစပဲရိုးMarch 19, 20131min32828
ကိုကြောင်ကြီး ပြောတဲ့ “အဝေဖန် မခံနိုင်ရင် နိုင်ငံရေး မလုပ်နဲ့။” ဆိုတဲ့စကားကို အင်မတန်သဘောကျပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့  အခုချိန်မှာ တကဲ့နိုင်ငံရေးသမား ဖြစ်သွားကြောင်း ဝေဖန်ကြပါတယ်။ သူကတော့ နဂိုထဲ က ဝေဖန်ရေးတွေ အပေါ်မှာ အရည်ထူနေပုံပါဘဲ။ အဲဒီ ဝေဖန်ရေးတွေကိုလဲ လစ်လျုရှုပြီး ထားမယ်လဲ မထင်ပါဘူး။ အဲဒီပေါ်မှာ ဒေါသထွက်တာ၊ မာန်တက်တာတွေလဲ ရှိမှာ မဟုတ်ပါဘူး။ အဲဒီ ဝေဖန်ရေးတွေပေါ်မှာလဲ Feedback ပြန်ယူတတ်သူဖြစ်မယ်လို့ ယုံကြည်ပါရဲ့။ ကျွန်မတို့ ဘေးက လူတွေကသာ အရည်မထူနိုင်တာပ။ ဒါကြောင့်လဲ နိုင်ငံရေးသမား မလုပ်တာပေါ့။ အမှန်တော့ လုပ်ချင်တာမှ အရမ်းပါဘဲ။ တစ်ခြားသူတွေကတော့ ဘယ်လိုအကြောင်းနဲ့ နိုင်ငံရေးလုပ်ကြတယ်မသိဘူး။ ကျွန်မ နိုင်ငံရေးလုပ်ချင်တာကတော့ ငယ်ကထဲက ရှိခဲ့တဲ့ ထရော်မာတစ်ခု ကြောင့်ပါ။ ကျွန်မအရမ်းချစ်တဲ့ […]


thit minJanuary 25, 20121min56682
သူကြီးသို့ ((ကြိုပြောပါရစေ၊ ကျနော်ပြောတာကိုလုံးဝသဘောမတူရင်လည်း အဆင်ပြေပါတယ်ခင်ဗျား၊ စိတ်ထဲ ရှိတာပြောပြချင်လို့ အကြံပြုခြင်းသာပါ၊ သူကြီး ဆန္ဒကသာ အဓိကပါ။) နိုင်ငံတခုရဲ့ပြုပြင်ရေးဟာ နိုင်ငံရေးစနစ်က100% ဆိုတဲ့နေရာကရှိမနေဘူးဆိုတာ သူကြီးနဲ့ ကျနော်သဘောထားချင်းတိုက်ဆိုင်မှုရှိတဲ့အတွက် ကျနော်သဘောထားကို တိုက်ရိုက်တင်ပြခြင်းပါ။ (မဆိတ်ပါနှင့်)။ ခုလက်ရှိအနေအထားမှာ နိုင်ငံတော်မှာ ပြောင်းလဲမှုတွေဖြစ်လာပြီး အဲဒီအတွက်ဘာတွေပြု ပြင်လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားကြတဲ့အချိန်ကာလမဟုတ်ပါလား။ ပြည်သူ့ပြည်သားတွေရဲ့ လမ်းကြောင်းတွေကိုခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် (၁) အစိုးရအပါအဝင်အားလုံးညီညီညွတ်ညွတ်နဲ့ပူးပေါင်းရေးလမ်းကြောင်း၊ (၂)ကိုယ့်အဖွဲ့အစည်းအလိုက်နိုင်ငံတော်အတွက်လုပ်ချင်လို့ရွေးကောက်ပွဲဝင်တဲ့လမ်းကြောင်း၊ (၃) နိုင်ငံတော်ပိုင်းဆိုင်ရာလိုအပ်ချက်တွေထဲက ကိုယ်တတ်နိုင်တဲ့လူမှူ့အဖွဲ့တွေလုပ်နေတဲ့လမ်းကြောင်း၊ (၄)ဘုံရန်သူမရှိတော့လို့ အချင်းချင်းပြန်ချ လမ်းကြောင်း၊ (၅) အတိတ်သမိုင်းကမကောင်းသူများကိုမပူးပေါင်း၊ဆိုုတဲ့လမ်းကြောင်း၊ ဆိုပြီး လမ်းကြောင်းတွေပေါ်လာပါတယ်။ ဆိုလိုတာက နိုင်ငံတော်အဆင့်နဲ့၊ နိုင်ငံရေးစနစ်ဆိုတဲ့အပေါ်မှာပြုပြင်ပြောင်းလဲရေးကို အများစုဝိုင်းလုပ်နေ ကြပါတယ်။ စဉ်းစားရင်လဲ အဲဒီဟာကိုဘဲစဉ်းစားကြပါတယ်။ ကျနော့အမြင်ကတော့တမျိုးပါ။ ကိုဖက်တီးရဲ့ ဈေးမရောင်းရ ဆိုင်းဘုတ်အောက်ကဆိုင်ရယ်။ ဒေါ်ဧတုန်ရေးတဲ့ အဓိပတိ စပယ်ယာတွေဟာ နိုင်ငံရေးစနစ်နဲ့ရော၊အစိုးရနဲ့ရောမပါတ်သက်ပါဘူး။ ပါတ်သက်တယ်လို့ […]


unclegyi1974November 24, 20101min1346
တူမောင် ၁၂၃ ရေ ဦးကြီးစာရေးလိုက်ပါတယ် တူမောင်ရေးနေတဲ့စာတွေလဲ ဦးကြီးဖတ်နေရပါတယ် အခုတလော တူမောင်ရေးလိုက်တဲ့စာ ၂ ပုဒ်က ရွာထဲမှာအတော်ဆွေးနွေးလို့ကောင်းနေတာဘဲ တူမောင်ကိုဦးကြီးပြော တယ်မဟုတ်လား ကိုယ်လျှောက်တဲ့လမ်းတည့်အောင်လျှောက် ဘေးမရောက်စေနဲ့ အလုပ်တခုကိုစမိရင်တာဝန်ယူတတ်ပါစေ လို့ပြောထားတယ်မဟုတ်လား အခုတော့မင်းလုပ်ပုံမဟုတ်သေးဘူး ပထမစာမှာ ဒေါ်စုမိသားစုပုံ နဲ့ လက်ထပ်တဲ့ပုံတင်ပြီး အမျိုးဖျက် တယ် ဘာညာနဲ့ရေးပြီး သူများတွေကဝေဖန်ချက်တွေတင်လာမှ မင်းယုံကြည်ရာမင်းပြန်မချေပဘဲ ဒုတိယစာနဲ့ဝေဖန်သူတွေကဝိုင်းရန်တွေ့သလေ ကျွန်တော်နိုင်ငံရေး စိတ်မဝင်စားပါဘူး ဘာညာနဲ့ မင်းရေးတာတွေကရှေ့နဲ့နောက် မညီးဘူးဆိုတာသိရဲ့လားကွာ စာဆိုတာရမ်းမရေးရဘူးကွဲ့ ရေးချင်ရင်လဲမှတ်တမ်းမှတ်ရာတွေသေချာပြန်လေ့လာ နောက်မျက်မှောက်ဖြစ်နေတာတွေနဲ့ချိန်ထိုးကြည့် အခုတော့မင်းလုပ်ပုံကလူပြောစရာဖြစ်နေပြီ မြန်မာ့နိုင်ငံရေးကိုလဲမင်းဘယ်အပိုင်းကမှီလိုက်သလဲ ဖဆပလခေတ် ပြီးတော့အိမ်စောင့်အစိုးရခေတ် ပြီးတော့ တပါတီ စံနစ် နောက်၈၈ နောက်၉ဝရွေးကောက်ပွဲ အထိဘဲမင်းသေချာလေ့လာ ကြည့်ပါအုန်း စီးပွားရေး လူမှုရေး ပညာရေး မင်းနှိုင်းယှဉ်ကြည့် လိုက်ရင်အဖြေတခုရလာမှာပါ မင်းစာကိုဝိုင်းမန်းကြတဲ့သူတွေ ဘာဖြစ်လို့မင်းကိုဝိုင်းရေးကြတယ်ဆိုတာ မင်းကဒေါ်စုလူမျိုးခြားနဲ့လက်ထပ်တာကိုမကျေနပ်ဘူး […]