etoneSeptember 17, 20111min45840
အထူး ဆန်းတော့ မဟုတ်ပေမဲ့ အားလုံးသတိထားလို့ရအောင် ကိုယ်တွေ့အတွေ့ကြုံလေး ဝေမျှ ချင်ပါတယ် … ။ ပြီးခဲ့တဲ့ တပတ်စနေနေ့က လှည်းတန်း(စိန်ဂေဟာ)ကိုရောက်ခဲ့တယ် …… ။ မိုးတွင်းမို့ စီးနေကြ slipper လေးကဗွက်စင်လွန်းတဲ့ ဒဏ်မခံနိုင်တော့တာကြောင့် ဖိနပ်အသစ်တရံဝယ်ဖို့ သွားခဲ့တာပါ … ။ ခြေထောက်ကြီးပြီး နည်းနည်း ဂကျီဂကြောင်ကျတတ်တဲ့ ကျွန်မက စိတ်ကြိုက်ဖိနပ်ရဖို့ အတော်လေး ရွေးယူရပါတယ် .. ဖိနပ်လေးတွေ စင်ပေါ်မှာ ထောင်ထားလျှင် လှပေမဲ့ ချစီးကြည့်လိုက်တဲ့အခါ ကိုယ်နဲ့ မလိုက်တာမျိုးလည်း ရှိနေတတ်တယ် … တစ်ခါတစ်လေ ကိုယ်နဲ့ လိုက်ပေမဲ့ အရောင်မကြိုက်တာမျိုးလည်း ရှိနေတတ်တော့ .. ဖိနပ်ရွေးရတာ ခေါင်းစားပါတယ် … ။ စီးနေကြ SHOE GALLERY တံဆိပ်ထဲကလည်း ဖိနပ်အမြင့်တွေအများကြီးရှိပါလျှက် […]