ဗဟုသုတရှာမှီးရန်အလို့ငှာ ယခင်က စာကြည့်တိုက်ကို အားထားခဲ့ရသည်။ ယခုမူ စာကြည့်တိုက်သည် အားထားရန်အတွက်မရှိတော့ပြီ။ အများစုသော ဝန်ထမ်းများကမူ မည်သို့မျှ မခံစားရ။ စာဖတ်သော သူများကတော့ နှမြောတသဖြစ်ကြရသည်။ စာရေးသူတို့ရသော တစ်လ လစာထဲမှာ စာအုပ်ဖတ်ရန်အတွက် ဖဲ့သုံးလာရသည်။ ယခင်တုန်းကတော့ စာအုပ်ဖတ်ရန်အတွက် ငွေကုန်ခြင်းမမရှိခဲ့ပေ။ ကုမ္ပဏီမှာ အခမဲ့ငှားရမ်း၍သောကြောင့် စိတ်လက်ချမ်းသာစွာ ဖတ်ရှုခွင့်ရခဲ့သည်။ ယနေ့တွင် စာအုပ်ဈေးသည်ပင် ခေါင်ခိုက်နေသည်။ အပျော်ဖတ်စာအုပ်များမှစ၍ တက်ကျမ်းများအထိ  ပေးဝယ်ရသည့်ဈေးမှာ ထောင်ဂဏာန်းအထက်မှ သောင်းကျော်ထိပေးဝယ်လာရသည်။ လခစား ဝန်ထမ်းများအဖို့ တစ်လ တစ်အုပ်ဝယ်ဖတ်ရန်ပင် မလွယ်ကူချေ။ အချို့သော ဘာသာရေးဆိုင်ရာစာအုပ်များသည် ဓမ္မဒါနအလို့ငှာ ဖြန့်ဝေသောကြောင့် တစ်ထောင်ကျပ်ကျော်ကျော်ဖြင့် ဝယ်ယူ၍ရလာသည်။ ကျေးဇုူးတင်ရမည်မှာ အမှန်ပင်ဖြစ်သည်။ နာမည်ရ ရဟန်းစာဆိုတော်များ၏ စာအုပ်များသည် ဈေးသက်သက်သာသာနှင့် ဝယ်ယူ၍ရနေသည်။ ဖတ်ရှုရသူမှာလည်း ကျေနပ်စရာကောင်းနေတော့သည်။ […]