တိမ္မည္းDecember 5, 20121min1565
တစ်နေ့သ၌ ဝူတန်းဂိုဏ်းချုပ်ကြီး ဝူတိန့်ရှိန်၏ ဆရာတူ ပညာသင်ဘက်ညီအစ်ကို များ ဖြစ်ကြသော ပွေးမနိုင်ဓားရှင် သာအေးနှင့် မီးခိုးဗုံးနှင့်သွပ်ဒိုင်း သိုင်းဘုရင် ကိုကိုတို့နှစ်ဦး တပည့်များနှင့်အတူ သိုင်းလောကသရဖူလုပွဲ ကျင်းပရာ လက်ပတောင်းတောင်ထိပ်သို့ ကိုယ်ဖော့ပညာဖြင့် အပြေးအလွှားရောက်လာကြသည်။ ၎င်းတို့၏ ချပ်ဝတ်စုံများကား လေထဲတွင် လွင့်ခနဲ။ လက်ပတောင်းတောင်တဝိုက် သိုင်းလောကသားတို့၏ တံခွန်မျ ားကား တလူလူလွင့်လျှက်ရှိနေသည်။ အစဉ်အလာချန်ပီယံ သရဖူကိုနှစ်တိုင်း နည်းမျိုးစုံဖြင့် ရယူထားသည့် ဝူတန်းဂိုဏ်းသားများက တခြားသိုင်းလောကသားများအတွက် အဓိကပြိုင်ဖက်ဖြစ်နေသည်။ အဆိုပါသရဖူလုပွဲအား တိုက်ရိုက်ထုတ်လွှင့်ခွင့်ရထားသည့် ဒီဗီဘီရုပ်သံမှ နိုင်ငံတကာသို့ အချိန်နှင့်တပြေးညီ ထုတ်လွှင့်လျှက်ရှိသည်။ ဂိုဏ်းအားကိုးဖြင့် သိုင်းလောက၏ ပထမဓားဘွဲ့ကို ရယူထားသည့် ဂိုဏ်းချုပ်ကြီး ဝူတိန့်ရှိန်ကား ဤပွဲသို့ ကိုယ်တိုင်တက်ရောက်ခြင်း မရှိချေ။ ၎င်း၏ လူယုံများကိုသာ ယုံကြည်အားကိုးစွာ စေလွှတ်လိုက်သည်။ ဝူတန်းဂိုဏ်းသားများအား စိမ်ခေါ်ရန် […]