Zaw WonnaJuly 21, 20101min740
၂၁ ရာစုဟာ မီဒီယာနဲ့ ပတ်သက်လို့ အံ့မခန်း တိုးတက်မှုတွေနဲ့အတူ လူတွေရဲ့ အချိန်တော်တော်များများကိုလည်း မီဒီယာတွေက  ဖမ်းစားနိုင်ခဲ့ပါတယ်။ ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းပေါင်းများစွာဟာ အချိန်ကုန်လူပန်း သက်သာဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာ မှန်ပေမဲ့ အဲဒီပစ္စည်းတွေကြောင့်ပဲ ကျနော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်လို့ကုန်မှန်းမသိအောင် ဖြစ်နေပါတယ်။ နောက်တစ်ခု စဉ်းစားစရာရှိတာက ကျနော်တို့ပေးလိုက်ရတဲ့ အချိန်တွေနဲ့ ငွေကြေးတွေအတွက် ရတဲ့ အကျိုးအမြတ်က မျှတရဲ့လားဆိုတာ ဖြစ်ပါတယ်။ ဥပမာ အခုဆိုရင် အင်တာနက်ဟာ မြို့နေ လူငယ်တွေ အားလုံးနီးပါး သုံးစွဲကြတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့  အင်တာနက် အသုံးပြုတဲ့  အချိန်တွေမှာလည်း တကယ်အကျိုးရှိမဲ့ အင်ဖော်မေးရှင်းတွေထက် ချတ်တင်၊ ဖျော်ဖြေရေး နဲ့ ဂိမ်းတွေရဲ့ ဆွဲဆောင်မှုနောက်ကို  လိုက်ရင်း အချိန်ကုန်မှန်းမသိ ကုန်နေကြပါတယ်။ လူငယ်တွေအတွက် အချိန်ဖြုန်းလို့ကောင်းတဲ့ နေရာတစ်ခုလို […]