manawphyulayJuly 15, 20101min740
စာဖတ်ရင်း စကားလုံး အသုံးအနှုန်း ကောင်းလေးတွေတွေ့လျှင် စာအုပ်ထဲမှာ ကျွန်တော်တို့ မျဉ်းသားမိတတ်ကြသည်။ အကယ်၍ ကိုယ့်ဘဝ ကိုယ့်အတွေ့အကြုံနှင့် တိုက်ဆိုင်တူညီလွန်းသော၊ ကိုယ့်ခေါင်းထဲက မပီမသ အတွေးကို ပီပီသသ လှလှပပကြီး ဖော်ပြလိုက်သော စာပိုဒ်မျိုးအရေးအသားမျိုး တွေ့လျှင်မှု ဝမ်းသာ၍ မဆုံးတော့။ အကြောင်းကြုံကြိုက်လျှင် အဲ့သည်နှစ်နှစ်ခြိုက်ခြိုက် စာပိုဒ်မျိုးကို ကျွန်တော်တို့ ကိုးကားပြောဆိုမည်။ ကိုယ်တိုင်စာရေးသားသည့်အခါ ငှားရမ်းယူငင် သုံးစွဲကြမည်။ တကယ် အံဝင်ခွင်ကျ အနေအထား ကြုံ၍ကား စကားကောင်းတစ်ခုကို မသုံးစွဲဘဲ လုံးဝမနေနိုင်။ သို့ဖြင့်ပင် ရှေးလူတွေ ပြောခဲ့သည့် ထိမိသော စကားနှင့် ယင်းတို့က သယ်ဆောင်လာသည့် ထူးခြားသော အတွေးများသည် နောက်လူတွေ လက်ဆင့်ကမ်း ကိုးကားခြင်းဖြင့် အဓွန့်ရှည်တည်တံ့နေကြခြင်းဖြစ် သည်။ စကားတစ်ခုကို ကိုးကားဖန်များသည့်အခါ ရိုးသွားသည် ၊ အာနိသင်ပြယ်သွားသည်။ […]