etoneMay 18, 20111min22317
နောက်တယောက် အလှည့်ကျတော့ ….ရာထူးတိုးပြီး နယ်ချထားခံရတာကြောင့် မပြောင်းရွှေ့ချင်လို့ ဓါတ်ရိုက်ဓါတ်ဆင်လာလုပ်တာပါ… ဆရာမမှာ အထူးစပယ်ရှယ် အော်ဒါမှာထားပုံရတဲ့ ခုံဖိနပ်တွေ အများကြီးတွေ့ပါတယ်… ဖိနပ်ပေါ်မှာ ကာယကံရှင်ရဲ့ နေ့နံ အသက်တွေ ရေးပြီး စမတွေ ဆွဲပါတယ်… ဘာဆွဲတာလဲတော့ကျမလည်း မသိပါဘူး ကောက်ကွေးတွေများလွန်းလို့ ဘာစာလုံးမှန်း သေချာမှန်းလို့မရပါဘူး … ။ ပါးစပ်ကလည်း ပွစိပွစိ ရွတ်ပါတယ်… ။ သူ ရွတ်လို့လည်း အားရရော… ရော့အင့်ဆိုပြီး ခုံဖိနပ်ကို ကာယကံရှင်လက်ထဲ ထည့်လိုက်ပါရော… ဟိုအမျိုးသမီးခမျာ ပါးစပ် အဟောင်းသားနဲ့ …. ဖိနပ်ပေးတော့ ချစီးရမလိုလို… ခေါင်းအုံးလုပ်ပြီး အိပ်ရမလို အူတူတူနဲ့ မျက်လုံးလေးကလည်လည်နဲ့ ဆရာမကို ပြန်ကြည့်တယ်ပေ့ါ…။ အထာနပ်တဲ့ ဆရာမက …ဖိနပ်ကို ကိုင်ပြီး ဘာလုပ်ရမှန်း မသိဘူးဖြစ်နေတယ်မဟုတ်လား …အဲ့ဒါက […]