moonpoemJanuary 23, 20141min19411
ဆမာကဒါ နိုင်ငံဧ။် သားပျိုသမီးပျိုများ အတွက် တစ်ပတ်စာ သင်ဧ။် ကံကြမ္မာ တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့သော်လည်း ယခုအခါ ချောဆီထည့်ရျ်တံခါးပြန်ဖွင့်လိုက်ပြီ ဖြစ်သော ဆမာကဒါ နိုင်ငံဧ။် ထင်ရှားသော စာရေးဆရာမ ဝိတိုရိယ မွန်းပိုအမ်ဧ။် လွတ်လပ်ပွင့်လင်းသော အရေးအသားများဖြင့် တစ်ပတ်စာဟောစာတမ်းကို အောက်ပါအတိုင်း လေ့လာနိုင်ပါသည်။ တနင်္ဂနွေသားသမီးများ ကံကောင်းစေရန် ခြေလေးချောင်းသား ရှောင်ပါ။ သို ့အတွက် အိမ်ရှိကုတင် ခြေလေးချောင်းလုံးအား လွှဖြင့် ဖြတ်ပစ်ပါ။ တနင်္လာသားသမီးများ ယခုတစ်ပတ်အတွင်းအလွဲများတတ်သည်။ဥပမာအားဖြင့် သံပြားပစ်ပြိုင်ပွဲတွင် သံပြားအစား နံပြားမှားပစ်ခြင်းကြောင့် ရွှေတံဆိပ်နှင့် လွဲရခြင်း။ အင်္ဂါသားသမီးများ စက်ပစ္စည်းအကြီးစား ဝင်တတ်သည်။ဥပမာ-ကြံရည်ကြိတ်စက်၊လမ်းကြိတ်စက်။ ဗုဒ္ဓဟူးသားသမီးများ အတွင်းပစ္စည်း သတိထားပါ။ ဇာဘော်လီ၊ကလေးသေးခံ အခိုးခံရတတ်သည်။ ကြာသပတေးသားသမီးများ စိန်ဝင်ကိန်းမြင်သည်။ ဥပမာဆိုရသော် စိန်တလုံး သရက်သီး၊ စိန်ဘယက်လေကွဲဆေးစသည်တို့ ဖြစ်နိုင်သည်။ […]