ムラカミJune 14, 20121min45948
ယူရို ၂၀၁၂ ကား စပြီ။ (ဟဲ့ တဝက်တောင် ကျိုးတော့မယ်လေ…) သိဒယ် …ရှာရှေနဲ့ ဂလိုပဲ ရေးရတာပဲ….။ အုပ်စု အေ။ ပိုလန်၊ ဂရိ၊ ရုရှား၊ ချက် အုပ်စု ဘီ။ ဟော်လန်၊ ဒိန်းမတ်၊ဂျာမနီ၊ ပေါ်တူဂီ အုပ်စု စီ။ စပိန်၊ အီတလီ၊ အိုင်ယာလန်၊ ခရိုအေးရှား အုပ်စု ဒီ။ ယူကရိန်း၊ ဆွီဒင်၊ ပြင်သစ်၊ အင်္ဂလန် အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြပေမည်။ အေ မှ (ပ) နှင့် ဘီ မှ (ဒု) ကွာတား ၁ ဘီ မှ (ပ) နှင့် အေ မှ (ဒု) ကွာတား ၂ စီ […]


unclegyi1974April 13, 20111min1428
AFC cup ပွဲကြီးပြီးသွားပါပြီ မြန်မာအသင်းကြီးလည်းထုံးစံအတိုင်းဟုဆိုရမလို ရှုံသွားပါပြီ ယခုတကြိမ်အရှုံးကနာပါသည် ကိုယ်တသက်လုံးနိုင်ချင်သလိုနိုင်ခဲ့သောဖီလစ်ပိုင်လို အသင်းမျိုးကိုပင်နိုင်အောင်မကန်နို်င်သရေကိုမနဲလို်က်ကန် လို်က်ရသည် ကစားသမားများကန်သွားသည်မှာအများအ မြင်ပင်  ဘောလုံးသတင်းရေးနေသူများပင်ရေးလည်းမထူး ယူဆ၍လော ရေးချင်စိတ်ကုန်သွား၍လော မည်သူမှရေး သည်ကိုမတွေ့ရချေ မနေနိုင်သောအန်ကယ်ကဝင်ရေးလိုက်ပါပြီ မြန်မာဘောလုံးလောကတဖြည်းဖြည်းနိမ့်ကျလာသည်မှာ မြေကြီးထိလုပြီ ရှက်တတ်လျှင်လဲသေဖို့ပင်ကောင်းနေပါပြီ မြန်မာဘောလုံးလောကအဘယ်ကြောင့်နိမ့်ကျလာသည် ကိုဂျာနယ်များတွင်ရေးနေကြသောဆောင်းပါများကလည်း ပလူပျံနေပါပြီ သို့သော်ဘောလုံးလောကနိမ့်ကျခြင်းကိုမှန်မှန်ကန်ကန် ရှုမြင်ပြီးဝေဖန်ရေးသားသောဆောင်းပါများကနည်းပြီး နည်းပြကြောင့် နည်းစနစ်ကြောင့် စသဖြင့်ကစားသမား များဖက်မှဖေးမရေးသားနေကြသည်ကသာများပေသည်   မြန်မာဘောလုံးလောက ကဟိုးအရင်ခေတ်များကတည်းက နိမ့်ကျမှုများနှင့်စတင်ခဲ့လျှင်ဖြေသာသော်လည်း ဟိုးယခင်ကာလများကအရှေ့တောင်အာရှတွင်မြန်မာ အသင်းနှင့်ရင်ဆိုင်ရသောအသင်းသည်ကံဆိုးသောအသင်း ဖြစ်နေလောက်အောင်မည်သည့်အသင်းမှမြန်မာအသင်းက ဗိုလ်မထားခဲ့ဖူးပေ နောက်ပိုင်းတဖြည်းဖြည်းနှင့်ယိုးဒယာကမြန်မာကိုကျော်လာ သည် မြန်မာကိုငယ်နိုင်လိုဖြစ်လာသည် နောက်တဖြည်းဖြည်းဖြင့်ယနေ့အချိန်ဆိုမြန်မာအသင်းနှင့် တွေ့ဆုံရလျှင် သူတို့အဖို့ကံကောင်းခြင်းလက်ဆောင်ဖြစ် နေတော့သည် မြန်မာဘောလုံးလောကအဘယ်ကြောင့်ယခုလောက်နိမ့်ကျ လာသည်ကိုကျွန်တော်တဦးတည်းအမြင်တင်ပြကြည့်ပါမည် အရှေ့တောင်အရှတွင်မကအာရှတွင်ပါမြန်မာအသင်းရွှေထီး ဆောင်းခဲ့စဉ်ကမြန်မာနိုင်ငံတွင်းဘောလုံးကိုပျိုးထောင်မှုများ လူစုဆောင်းမှုများအားပေးမှုများအစစအရာရာပြန်ကြည့်သင့် သည်ဟုထင်ပါသည် ရပ်ကွက်တိုင်းဘောလုံးအသင်းငယ် များတည်ထောင်ထားရှိကြပါတယ် ကျောင်းပေါင်းစုံလူငယ် ဘောလုံးပြိုင်ပွဲများတက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲများ တိုင်းနှင့်ပြည်နယ်ဘောလုံးပြိုင်ပွဲများဖြင့်မြန်မာ့လက်ရွေးစဉ် […]