– – – – – ==================================== ဘယ်သူတွေ ဘယ်လောက်ဖြုန်းဖြုန်း အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို မဲပြာပုဆိုးလို ဖြစ်စေခဲ့သူတွေကပဲ သရဲနီဟန်ပန် နဲ့ တပွဲစီမှန်မှန် ချီတက်မှာလား။ ဒါမှမဟုတ်… ချီလီသား အင်ဂျင်နီယာရဲ့ အညှိုးအနာတထောင်နဲ့ မိုးပြာရောင်တွေကများ ဂိုးဆာလောင်နေကြမလား။ ဘောလုံးရာသီ မစသေးပေမဲ့ မော်ရင်ဟိုကို မြင်ရုံနဲ့ ပျော်ချင်သလိုလို ရင်ခုန်ခဲ့ပြီ။ မယိုင်မလဲ ခြင်္သေ့ပြာများ နိုင်ပွဲ အစဉ်တွေ့မှာလား။ ဝယ်ပါတော့ကွယ်… ဖလားလက်မဲ့ဘဝနဲ့ တအားရှက်ခဲ့ရတာ များပြီမို့ အမြောက်တပ်သား အာဆင်နယ် တွေကို တခေါက်ထပ်မမှားဖို့ မှာချင်တယ်။ စပါးဆိုတဲ့ ဖျက်မြင်း၊ ဘေးလ်း ဆက်မနေရင်လည်း အသက်ပြင်းပါစေ။ ဆော်လဒ်ဒိုးရဲ့ ခြေစွမ်းနဲ့ ပြိုင်ဘက်တွေကို မြွေဖမ်းပြီး ဝှိုက်ဟတ်လိန်းမှာ လိုက်အမှတ်သိမ်းနိုင်ပါစေ။ မသွားပါနဲ့ ဆွာရက်ဇ်ရေ ပြီးတော့ […]