fattyOctober 12, 20101min1097
မြန်မာနိုင်ငံမှာ လုပ်ငန်းရှင် Boss ကို ဘောစိ ဘောစိနဲ့ခေါ်နေကြတယ် .. ဘာကြောင့်ဘယ်လိုဆင်းသက်လာသလဲတော့မသိပါ ။ ကုမ္မဏီမှာအလုပ်လုပ်နေကြသူများ တချို့ဟာ လခရလို့လုပ်နေကြပေမဲ့ ကိုယ့်ကိုယ်ကိုယ် မကျေနပ် နေကြသူတွေအများအပြားရှိကြပါတယ်။ အထူးသဖြင့် ဘော့စ် တွေကို ရင်ထဲကမကျေနပ်ကြတာပါ။ အားလုံးကိုတော့ပြောတာမဟုတ်ပါဘူး။ တချို့ကိုသာဆိုလိုတာပါ။ သူကတော့ ဘော့စ် ဖြစ်နေတယ် ငါကသူခိုင်းတာလုပ်နေရတယ် … သူ့လိုလုပ်ငန်းရှင်ဖြစ်အောင်ကလည်း ..အရင်းအနှီးကမရှိ။ တကယ်တန်းတော့ အဲဒီနှစ်ဦးအကြားဘာကွာခြားနေလဲ ..အသေအချာစဉ်းစားကြည့်ရင် … အရင်းအနှီးရှိခြင်းမရှိခြင်း ကတချက်။ အရင်းအနှီးလေးထိုက်သင့်သလောက်ရှိရင်ကော … လုပ်ငန်းထူထောင်တတ်ပါသလား ……။ အဓိက ခြားနားချက်က .. အမြင်ကြယ်မှု လုပ်ငန်းတခုကိုစတင်ထူထောင်လုပ်လိုစိတ်ရှိမှု တွေကွာခြားနေတာပါ။ ညီငယ်တယောက်ရှိတယ် …တောဘက်ကတက်လာတာ … ပညာကသိပ်မတတ်လှဘူး …သူ့ကိုကျနော်အလုပ်ထဲသွင်းပေးလိုက်တယ်။ ရေသန့်ဖြန့်ချီရေးလုပ်ငန်းမှာပေါ့ … ဒါပေမဲ့သူ့ပင်ကိုစိတ်ကိုက ..သူများခိုင်းတာ မလုပ်ချင်ဘူး … […]