စိန်ကြက်ဆင်February 14, 20131min19515
“ဒဏ်ရာတွေ ခင်းထားတဲ့ လမ်းလေးထဲ … ဘယ်လိုများ ရှေ့ဆက်ပြီးတော့ လျှောက်ရအုံးမယ်.. လောကရဲ့ ဆူးပြင်ကျယ်မှာ ….. ” အရက်ဆိုင်ကအပြန် အတော်လေးလဲ ထွေနေပါပီ။ ခေါင်းငိုက်ပီး ခပ်စိုက်စိုက် လျှောက်အလာ လမ်းဘေးနားက တွန်းလှည်းနဲ့ရောင်းတဲ့ ထီဆိုင်လေးဆီက ဖွင့်ထားတဲ့ သီချင်းသံကြောင့် ခြေလှမ်းတော့ ခဏရပ်မိသွားတယ်။ ညာဘက် ပါးစောင်ထဲက လက်ကျန်ကွမ်းဖတ် အစအနတွေကို လက်ညှိုးနဲ့ ပြန်ကလော်ရင်း ကျိတ်ဝါးမိနေလေရဲ့ …. တစ်လက်စတည်း အိတ်ထောင်ထဲက ဒီနေ့ရတဲ့ လက်ကျန် ပိုက်ဆံ ၃၇၀ဝကို ခပ်ဆတ်ဆတ်ဆွဲထုတ်ရင်း ကံကြမ္မာ အလှည့်အပြောင်းအတွက် ငဲ့စောင်းပီး ထီသည်ကို ကြည့်မိတော့ ……..။ အဟတ် .. ကိုယ့်ဆြာက ကျုပ်ကို သောက်ရေးတောင် မစိုက်ဘူး ….. ကျုပ်ကလည်း အတန်းပညာမဲ့ပေသည့်တိုင် လမ်းဘေးက အနုတ်ကျိတ် ထီဆိုင်တွေမှာ သွားထိုးရင် သိန်း၁၅၀ဝ မပေါက်မှန်း ကြားဖူးနေတော့ ခုတက်လာတဲ့ အစိုးရနဲ့ […]