manawphyulayAugust 9, 20102min632
Programming နဲ့ပက်သက်ပြီး လေ့လောနေဆဲဖြစ်တဲ့ Beginner များ သိထားသင့်တဲ့ လှျို့ဝှက်ချက်အချို့ကို ပြောပြချင်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိလို့ လမ်းပျောက်နေသူ၊ စိတ်ပျက်နေသူ ပရိုဂရမ်မာ အများအပြားကို တွေ့ဖူးတဲ့အတွက် အခုလိုပြောပြရခြင်း ဖြစ်ပါတယ်။ တစ်ချို့လည်း ပရိုဂရမ်ရေးစားတာထက် အင်တာနက်ဆိုင်မှာ လုပ်တာကမှ ပိုက်ဆံရသေးတယ်လို့ ပြောနေကြသလို တစ်ချို့လည်း ကွန်ပြူတာတက္ကသိုယ်တွေတက်၊ သင်တန်းတွေတက်ပြီး အချိန်တွေ ငွေတွေသာ ကုန်လာတယ် ဘာမှမဖြစ်လာလို့ဆိုပြီး နယ်ပြန် ဈေးရောင်းတော့မယ်ပြောနေတာတွေ တွေ့ဖူးနေပါတယ်။ ဒါတွေဟာ အခုပြောမယ့် လျှို့ဝှက်ချက်တွေကို မသိလို့ ဖြစ်နေတဲ့ ပြဿနာတွေဖြစ်ပါတယ်။ ဒီလျှို့ဝှက်ချက်တွေကို မသိထားရင် ပရိုဂရမ်မာတစ်ယောက်အဖို့ ရပ်တည်ဖို့တောင် ခက်ခဲတက်ပေမယ့်၊ သိထားမယ်ဆိုရင်တော့ ပရိုဂရမ်မာဆိုတာဟာ အကောင်းဆုံး Career လမ်းကြောင်းတစ်ခု ဖြစ်လာမှာပါ။ လှျို့ဝှက်ချက်တွေလို့ ပြောပေမယ့် ဖြတ်လမ်းတွေ၊ Cheat တွေ […]