Ko chogyiJuly 24, 20121min32622
အခုတစ်လော ဆလုံလူမျိုးတွေအကြောင်း ဖတ်ရလို့ ကျွန်တော်လည်း စာရေးချင်တာနဲ့ ဆလုံလူမျိုးများနဲ့ တွဲပြီး အမှတ်ရနေမိတဲ့ သံပခြုပ်ကောင်လေးများအကြောင်း ရေးလိုက်မိပါတယ်။ ပင်လယ်ပြင်ကြီးကို ဘုရားကပေးတဲ့အိမ်လို့ သဘောထားပြီး သစ်ထွင်းလှေငယ်လေးများနဲ့ မြန်မာနိုင်ငံကမ်းရိုး တန်းတစ်လျှောက် ကျွန်းကြီးကျွန်းငယ်များအကြား နေထိုင်ကျက်စားလျှက်ရှိတဲ့ ဆလုံ(ခေါ်) ပင်လယ်ပျော်မော်ကင်း များနှင့် ခွဲခြားမရနိုင်သော သံပခြုပ်ကောင်လေးများ ဖြစ်ပါသည်။ သံပခြုပ်မှာ ဒေသအခေါ်ဖြစ်ပြီး ရုပ်ခဗေဒအမည်မှာ Sea Urchin ဖြစ်သည်။ သံပုရာသီးတစ်လုံး၏ ပတ်လည်တွင် ဆူးကလေးများ စီတန်းစိုက်ထားသကဲ့သို့ပုံသဏာန်ရှိပြီး မဲမဲလုံးလုံး အကောင်ငယ်ကလေးများ ဖြစ်သည်။ ဆလုံများ အဓိက ကြိုက်နှစ်သက်သော အစားအစာဖြစ်ပြီး အလွန်တရာခင်မင်ရသော မိတ်ဆွေများ၊ ခေါင်းဆောင်/ အကြီး အကဲများကိုသာ ရှာဖွေကျွေးမွေး၊ လက်ဆောင်ပေးတတ်ကြသည်။ တော်ရုံသင့်ရုံခင်မင်သူများအား သံပခြုပ်မကျွေး တတ်ပါ။ သံပခြုပ်ကောင်အား ညင်သာစွာခွာယူပြီး ဓားဖြင့်ခွဲကာ အတွင်းရှိအသားများ(ခုံးကောင်၊ […]