koyin sithuDecember 30, 20111min25119
နောက်ဆုံးစွမ်းအင်တစ်မျိုးနဲ့ မီးတွေ စီးသွားတဲ့မြစ်ကြီးကို ကျွန်တော် မော့သောက်ပစ်ခဲ့သည်။ နှင်တံတစ်ချောင်းရဲ့ ခွန်အားတွေရော ဘယ်အချိန်မှာအနည်ထိုင်မလဲ။ တစ်ခါတစ်လေကျတော့ ကျွန်တော်လည်း မှားဦးမည်။ မီးလောင်ပြင်မှာ ပျောက်သွားတဲ့ ဗီသိုဘင်ရဲ့ နားရွက်တစ်စုံကို ဘယ်သူတွေ့မိသေးလဲ။ မိုနာလီဇာ၏ အပြုံးတွင် ဒေါ်လာတစ်ချို့ကို ကျွန်တော်မြင်ရ၏။ ဆောင်းရာသီညနေနှင့် ခရစ်စမတ်ပန်းသီးများ ရောင်းရန်ရှိသည်။ ကမာ္ဘကြီးရဲ့ တိုးတက်မှုဆိုတာမှာ အမှန်တရားဟာ နည်းသထက်နည်းလာပြီ။ ကျွန်တော်လေတွေကို အန်ချလိုက်ခြင်းဟာ မြင့်မိုးရ်အောင်ရဲ့ “အမဲလိုက်အက” ကို ဂုဏ်ပြုလိုက်တာဖြစ်သည်။ အပျိုရည်ပျက်သွားတဲ့ လရောင်မှာ မြေခွေးတစ်ကောင်ရဲ့ ဒိန်ခဲချင်ခြင်းတွေကို ကျွန်တော်တွေ့ရသည်။ မိန်းမတွေဟာ နားမလည်ဘူးလို့ ရုတ်တရက် သဘောပေါက်သွားတာနဲ့ စတင်နားလည်တော့တာပါပဲတဲ့။ အယူအဆ (Concept) ပိုင်းဆိုင်ရာမှာ အရမ်းချို့ယွင်း ညံ့ဖျင်းနေတာမျိုးကို ကျွန်တော် စိတ်သိပ်မရှည်ချင်ဘူး။ Lady First ဆိုတဲ့ အနောက်တိုင်းသားတွေကိုလည်း သောက်မြင်ကတ်သည်။ […]


koyin sithuOctober 27, 20111min1102
ဘဝ၏ ပထမဆုံးဝါကျတစ်ကြောင်းကို ဝါကျဟု မသိမီကပင် ကျွန်တော်ဖတ်နှင့်ပြီးသား ဖြစ်နေလေသည်။ လူတို့သည် အလကားရနေလျှင် (သို့) ပေါများစွာရလျှင် သိပ်တန်ဖိုးမထားတတ်။ တိုတောင်းလှသော တန်ဖိုးယူနစ်များနှင့် တွက်ချက်ထားသော နေ့စွဲများအကြောင်းကို ထိုဉာဏ်တိမ်သော သူတို့နှင့် ဆက်လက်ဆွေးနွေးငြင်းခုန်ရန် ဆန္ဒမရှိတော့သောအခါ ကျွန်တော်သည် ကိုယ့်မွေးရပ်မြေ ရွှေပြည်ကြီးသို့ လှည့်ထွက်လာခဲ့ပါသည်။ ကျွန်တော်လမ်းလျှောက်ပါသည်။ ကျွန်တော်လမ်းလျှောက်လာပါသည်။ နောက်… ကျွန်တော် လမ်းဆက်လျှောက်လာပါသည်။ နောင်အချိန်ကာလရွေ့လျားလာသောအခါ ကျွန်တော့် ဆုံးဖြတ်ချက်တွေကို ကာလတရားကသာ အမှားအမှန်ဝင်ရိုးစွန်းကြား တစ်နေရာတွင် ရပ်တည်ပေးပါလိမ့်မည်။ ရှေ့ဆက်လျှောက်ရန် လမ်းတို့၌ ဘယ်သူဖြစ်ဖြစ် ဖိနပ်တော့ စီးသင့်ပါသည်။ လမ်းလျှောက်နေရာမှ ကျွန်တော်ရပ်လိုက်ပါသည်။ လမ်းလျှောက်ခြင်းဖြင့် လိုသည့်ပန်းတိုင် ရောက်ရန်မသေချာသောကြောင့် ဖြစ်ပါသည်။ ရပ်နေသည့် နေရာကလည်း ပန်းတိုင်မဟုတ်သည်ကတော့ သေချာပါသည်။ ဘဝတွင် ပန်းတိုင်ရှိသည်ဆိုသော အချက်ကို ကျွန်တော်သံသယဖြစ်ခဲ့သည်မှာ ကြာခဲ့လေပြီ။ […]