ဒီနေ. မေလ ရဲ.ပထမပါတ် နောက်ဆုံးရက် တနင်္ဂနွေ နေ.ပေါ. ဒီကနေ.မှာကျရောက်တဲ. နိုင်ငံတော်တော်များများရဲ.အမေများနေ.မှာ ကျနော်.အနေနဲ. အမေ.ကိုလွမ်းရင်း ဘာလုပ်ရမလဲလို.စဉ်းစားလိုက်တော့ အရင်ဆုံးဒီရွာလေးကိုပဲသတိရပြီး ဝင်လာမိပြန်တာပဲ အမေ.ကိုအရမ်းသတိရတဲ.အချိန်မှာ ဒီရွာလေးကိုလဲသတိရမိတာတော.အဆန်းဗျ ဘာမှမဟုတ်ပေမယ်.သံယောဇဉ်တွယ်မိနေတယ်ပဲပြောရမလား။ ဒီရွာထဲကိုလာလည်မိတဲ.ဟိုးအရင်နှစ်ကစလို.အခုဆိုကျနော်တစ်ယောက်လဲရွာသားတစ်ယောက်လို.အသိအမှတ်ပြုခံရပြီ( ကိုယ်.အတွေးနဲ.)။ ဒီနေ.မှာကျရောက်တဲ.အမေများနေ.မှာကျနော်တို.တွေရဲ.မွေးမေမေ ကျွေးမေမေ စာတွေသင်ပေးတဲ.မေမေ ဗဟုတုတတွေသင်ပေးတဲ. ကမာ္ဘပေါ်ကရှိရှိသမျှ အမေတွေအားလုံးကို လက်စုံမိုးလို.ရှိခိုးကန်တော.လိုက်ကျရအောင်ဗျာ ဒီသားဒီသမီးတို.ကနေပြီတော. ဖြစ်လေရာဘဝတိုင်းမှာ ကျင်လည်ခဲ.ဘူးသမျှ အမေတို.အပေါ်မှာ ကာယကံ ဝစီကံ မနောကံ နဲ.ပြစ်မှားမိခဲသိများရှိခဲ.ရင်ခွင်.လွှတ်ပေးပါ။ အဖေက နေ.ဘက်မှာလင်းတဲ.သူရိန်ဆိုရင် အမေကညဘက်မှာလင်းတဲ. စန္ဒာလမင်းပါ ကျနော်တို.အတွက်ဆို နီရဲနေတဲ.သွေးကိုတောင် အဖြူရောင်ဖြစ်အောင်ပြောင်းပစ်နိုင်တဲ.သူပါ တောင်းဆိုပလုံးဆိုးသာ စွန်.ပစ်နိုင်ပေမယ်. သားဆိုးသမီးဆိုးတွေကိုတော.ရင်ဝယ်သာပိုက်ထားချင်သူပါ အမေဆိုတာ…. အမေဆိုတာ…. အမေဆိုတာ…. ဘယ်လိုဖွဲ.ဖွဲ. ပြီးမြောက်အောင် ဖွဲ.ဆိုလို.မရတဲ.သူပါဗျာ